27 C
Yangon

တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ

Must read

တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန် တာမွေမြို့နယ်၊ မီးပွိုင့်အနီး မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“တာမွေမီးပွိုင့်နားမှာရှိတဲ့ ရေစည်ပင်ရုံးမှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ အခုတော့ စခတွေနဲ့ ဆေးရုံကားတော့ရောက်လာတယ်” ဟု မျက်မြင်ဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် တာမွေမြို့နယ်နေရာတချို့တွင် စစ်တပ်နှင့်ရဲကားများ လှည့်လည် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တချို့ထံသို့ ယခု ဧည့်စာရင်းစစ်ရန် ညွှန်ကြားမှုရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article