29 C
Yangon

အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှုများတွင် ပါဝင်နေသည့် တရုတ် AVIC ကုမ္ပဏီကို မိတ်ဖက် ရင်းနှီးမြုပ်နှံသူအဖြစ်မှ ရပ်ဆိုင်းရန် Airbus ကုမ္ပဏီထံသို့ အရပ်ဘက်အဖွဲ့ ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသည့် စစ်ရာဇဝတ်များတွင် စစ်လေယာဉ်များကို ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဖြင့် ပါဝင်လျက်ရှိသော တရုတ် Aviation Industry Corporation of China (AVIC) ကုမ္ပဏီနှင့် ဆက်ဆံရေး အဆုံးသတ်ရန် Airbus ကုမ္ပဏီ CEO ထံသို့ မြန်မာတော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြန်မာနိုင်ငံသည် အီးယူ၏ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဋ္ဌာန်းချက်ချမှတ်ခံထားရသည်ဖြစ်ရာ Airbus ကုမ္ပဏီအနေဖြင့် အကြမ်း ဖက်စစ်တပ်၏ လက်နက်ပွဲစားကုမ္ပဏီကို ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများပေးအပ်နေခြင်း နှင့် ဆက်ဆံနေခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း၊ Airbus ကုမ္ပဏီသည် တရုတ် AVIC ကုမ္ပဏီနှင့် ဘဏ္ဍာရေး၊ မဟာဗူဟာချိတ်ဆက်မှုများမှတစ်ဆင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကြီးများကို အားပေးကူညီခြင်း မရှိစေရန် ဂရုပြုရမည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ထောက်ပြထေားသည်။

လက်ရှိအချိန်တွင် Airbus ကုမ္ပဏီက တရုတ်AVIC ကုမ္ပဏီ၏ ရှယ်ယာများကို ပိုင်ဆိုင်ထားပြီး ထိုသို့ ပိုင်ဆိုင်ထားမှုသည် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဌာန်းချက်ကို ချိုးဖောက်ရာ ရောက်နိုင်ကြောင်း အရပ်ဘက်အဖွဲ့များက သတိပေးသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်ထံ စစ်လေယာဉ်များ၊ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ လက်ရှိရောင်းချနေမှုနှင့် ရောင်းချရန် စီစဉ်ထားမှုအားလုံးကို ရပ်တန့်စေရန်၊ AVIC ကုမ္ပဏီက မြန်မာ့လေတပ်၏ လေယာဉ်များအတွက် ပြုပြင်ထန်းသိမ်းရေး ၊ လေ့ကျင့်သင်ကြားရေးနှင့် နည်းပညာအကူအညီအားလုံးရပ်ဆိုင်းရေး Airbus ကုမ္ပဏီက လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

အကြမ်းဖက်စစ်တပ်ကို ကူညီပေးနေသည့် AVIC အနေဖြင့် Airbus ကုမ္ပဏီ၏ နည်းပညာနှင့် ထုတ်ကုန်များ နည်းလမ်းများရရှိနေပြီး အဆိုပါ အချက်သည် AVIC ၏ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုများအတွက် အကျိုးကျေးဇူးများ ရှိခဲ့ကြောင်း ၊ ထို့အတွက် Airbus အနေဖြင့် AVIC အပါအဝင် ၎င်း၏ ကုမ္ပဏီခွဲများနှင့် ဆက်ဆံ ဆောင်ရွက်မှုမှန်သမျှ စိစစ်မှုများ တိုးမြှင့်လုပ်ဆောင့်သင့်ကာ အဆိုပါ စိစစ်မှုများကိုလည်း အများပြည်သူသို့ အသိပေး ထုတ်ပြန်သင့်ကြောင်း Airbus ထံသို့ အိတ်ဖွင့်ပေးစာတွင် တိုက်တွန်းထားသည်။

ထို့ပြင် AVIC အနေဖြင့် မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းရန် ငြင်းဆန်ပါက တရုတ်AVIC ထံမှ ရင်းနှီးမြှုပ်နှံမှုများကို Airbus ကုမ္ပဏီက တာဝန်ယူမှုရှိစွာဖြင့် ရုပ်သိမ်း၍ ဆက်ဆံရေးကို အဆုံးသတ်ရန်အရပ်ဘက်အဖွဲ့များက တညီတညွတ်တည်းတောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article