ရန်ကုန် ၊ ဒီဇင်ဘာ ၁၁
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိတိဗုံးကျဲချ၍ ပြည်သူ ၄ ဦးပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း CDF-Hakha က ပြောသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်၂ နာရီအချိန် အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နှင့် နှစ်ကြိမ် ဗုံးကျဲချခဲ့ရာ ပထမအကြိမ်တွင် မိသားစုဝင် ၆ ဦးနေထိုင်ရာ နေအိမ်ပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့၍ ၄ ဦးပွဲချင်းပြီး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဒုတိယအကြိမ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာတွင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၅ လုံး လုံး၀ ပျက်စီးခဲ့ပြီး အခြားအိမ် ၈ လုံး ပျက်စီးထိခိုက်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးခဲ့ရသော ပြည်သူများကို ခရစ်ယန်ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများသည် ပြည်သူများ နေထိုင်သော ချွန်ကျုံးကျေးရွာအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်မှုဖြစ်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း၊ စစ်ရာဇဝတ်မှုကျူးလွန်သည့် လုပ်ရပ် ဖြစ်၍ လုံးဝလက်မခံကြောင်း CDF-Hakha က ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar