ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ တော်လှန်ပြည်သူများက “စစ်အာဏာရှင်အလိုမရှိ၊ အမျိုးသားညီညွတ်ရေးအစိုးရဒို့အစိုးရ NUG အစိုးရ ဒို့အစိုးရ” စသည့်ကြွေးကြော်သံများကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။