အရာတော်မြို့နယ် ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်စနစ်ကျဆုံးရေး လူထုသပိတ်စစ်ကြောင်းချီတက်
အရာတော်မြို့နယ် ကျေးရွာတစ်ရွာတွင် ၅/အရတ အရာတော်လူထုသပိတ်က ဦးဆောင်၍ ကျေးလက်နေ တောင်သူလယ်သမားပြည်သူများနှင့် ကျောင်းသားများ အတူပူးပေါင်း၍ “လူ့အခွင့်ရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ”၊ “အရာတော်သွေးဟေ့ရဲရဲနီ ရန်သူမင်းရှေ့ကိုချီတက်ခဲ့ပြီ” စသည့်ဘန်နာစာတန်းများကိုင်စွဲကာ စစ်အာဏာရှင် စနစ်ကျဆုံးရေး ကြွေးကြော်သံများဖြင့် လူထုသပိတ်စစ်ကြောင်းချီတက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လူ့အခွင့်ရေး ကြေညာစာတမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေးခြင်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အမှတ်တရ အကျီများပေးအပ်ခြင်းပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။