23 C
Yangon

ကျွန်းလှတွင် စစ်တပ် တပ်စွဲထားသော မဒေါင်ရွာကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ကျွန်းလှတွင် စစ်တပ် တပ်စွဲထားသော မဒေါင်ရွာကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မဒေါင်ရွာကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၇၀ ခန့် အထိုင်ချ တပ်စွဲထားသော ကျွန်းလှမြို့နယ်၊ မဒေါင်ရွာကို တော်လှန်ရေး အင်အားစုများက ပြန်လည် တိုက်ခိုက် သိမ်းပိုက်‌နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့မျာက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မဒေါင်ရွာ တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး ၂၀ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA1 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၄၆၀ တောင့်၊ ကျည်ဘောက် ၅ ခု၊ နင်းမိုင်းအကြီး ၁ လုံး၊ အသေး ၆ လုံး၊ ဦးထုပ်၂ လုံး နှင့် ဆက်သွယ်ရေးစက် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာကို အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်ပြီး ကုက္ကိုကုန်းရွာ တိုက်နယ် ဆေးရုံ၊ မြဘုံသာနှင့် မဒေါင်ရွာတို့တွင် ခွဲ၍ အထိုင်ချကာ ကုက္ကိုကုန်း၊ လွှတ်တိုက်၊ ဆွဲလှဲ နှင့် မဒေါင်ရွာတို့မှ ပြည်သူပိုင်ပစ္စည်းများခိုးယူ၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် စပါးခင်းများကိုလည်း ရိတ်စက်များ အသုံးပြု၍ ရိတ်သိမ်းကာ အကုန်ခိုးယူသယ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ၍ စစ်ကြောင်းထိုး မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်နေသည်မှာ ၂၅ ရက်ခန့် ရှိပြီဖြစ်ကာ ပြည်သူများ စစ်ဘေး တိမ်းရှောင်နေရသည်မှာလည်း ၁ လပြည့်တော့မည်ဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျွန်းလှမြို့နယ်၌ ပြည်သူ ၂ သောင်းခန့် စစ်ရှောင်နေရပြီး အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အနွေးထည်၊ စောင် နှင့် အမိုးအကာများလည်း အရေးပေါ်လိုအပ်နေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article