27 C
Yangon

မြန်မာ့အကျပ်အတည်းကို အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရေး ဆောင်ရွက်နေဟု မလေးရှားဝန်ကြီးချုပ်ပြော၊ ထိုင်းနိုင်ငံက မြန်မာ့အရေး အလွတ် သဘောဆွေးနွေးပွဲ ၂ ခုကို ဦးဆောင် ကျင်းပမည်

Must read

မြန်မာ့အကျပ်အတည်းကို အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရေး ဆောင်ရွက်နေဟု မလေးရှားဝန်ကြီးချုပ်ပြော၊ ထိုင်းနိုင်ငံက မြန်မာ့အရေး အလွတ် သဘောဆွေးနွေးပွဲ ၂ ခုကို ဦးဆောင် ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရေး ဆောင်ရွက်နေဟု မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim က ပြောဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

မလေးရှားနှင့် ထိုင်းနိုင်ငံတို့က မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်များနှင့်အညီ ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနှင့် တင်းမာမှုလျော့ပါးရေး ဆောင်ရွက်ရန် သဘောတူညီခဲ့​ကြကြာင်း သိရှိရသည်။

အာဆီယံတွင် မြန်မာနိုင်ငံ အပြည့်အဝ ပြန်လည်ပါဝင်နိုင်ရေး မလေးရှားနှင့်ထိုင်းနိုင်ငံတို့က ဆောင်ရွက်နေကြောင်း ၊ မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်ဖော်မှုမှတစ်ဆင့် ဖြေရှင်းရေး အလွတ်သဘောဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း၊ မြန်မာ့အရေး အဖြေရှာမှုသည် အာဆီယံအသိုက်အဝန်းထဲသို့ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိစေရေးဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ဆိုသည်။

မလေးရှားက လာမည့် ၂၀၂၅ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူးကို ရယူမည်ဖြစ်ပြီး မြန်မာ့အရေးဖြေရှင်းရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် မလေးရှားက ကတိပြုထားသည်။

ထိုင်းနိုင်ငံကမူ မြန်မာ့အရေးနှင့်ပတ်သက်၍ အလွတ်သဘောဆွေးနွေးပွဲ ၂ ခုကို ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၀ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စစ်ကောင်စီက အလွတ်သဘောဆွေးနွေးပွဲ တစ်ခုသို့ တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

မြန်မာ့အရေး ဆွေးနွေးပွဲသို့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့က တက်ရောက်ကြမည်ဖြစ်ပြီး နယ်စပ်ရေး ရာနှင့် နိုင်ငံဖြတ်ကျော် မူခင်းများအရေးကိစ္စလည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရှီရသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ဒီဇင်ဘာ ၂၀ ရက်နေ့ ကျင်းပမည့် မြန်မာ့အရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ဓာတ်ပုံ- မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ၏ပူးတွဲ သတင်းစာရှင်းလင်းပွဲ။

Photo- Reuter ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article