27 C
Yangon

မွန် ပြည်သူလူထု၏ တောင်းဆိုမှုနှင့် စစ်ရေးလိုအပ်ချက်အရ မွန်ပြည်နယ်တော်လှန်ရေးတပ်ဖွဲ့ တစ်ခု တည်းဖြစ်လာစေရန် ရည်ရွယ်၍ မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ပထမဆုံး ပူးပေါင်း

Must read

မွန် ပြည်သူလူထု၏ တောင်းဆိုမှုနှင့် စစ်ရေးလိုအပ်ချက်အရ မွန်ပြည်နယ်တော်လှန်ရေးတပ်ဖွဲ့ တစ်ခု တည်းဖြစ်လာစေရန် ရည်ရွယ်၍ မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ပထမဆုံး ပူးပေါင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မွန်ပြည်သူလူထု၏ တောင်းဆိုချက်နှင့် စစ်ရေးလိုအပ်ချက်အရ မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့တစ်ခုတည်းဖြစ်လာစေရန် ရည်ရွယ်၍ မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ဖွဲ့ပူးပေါင်းလိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ ၊ အုပ်ချုပ်ရေးကော်မတီ၊ ကာကွယ်ရေးဌာနမှူး နိုင်ဒင်းပလဟံသာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က တော်လှန်ရေးနယ်မြေတနေရာ၌ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်ကာကွယ် ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့တွေ့ဆုံကာ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

“ပူးပေါင်းလိုက်ရတဲ့ အကြောင်းအရင်းတွေက အမျိုးမျိုးရှိတာပေါ့၊ တစ်အချက်က စစ်ရေးလိုအပ်ချက် ပါ။ မွန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက နည်းနည်းအုပ်စုတွေများနေတဲ့အခါကျတော့ အင် အား နည်းတဲ့ရန်သူကို သူများတွေလို အမြတ်မထုတ်နိုင်ကြဘူး။သူများအောင်မြင်သလို မအောင်မြင် ကြဘူး။ သူများတိုက်နိုင်သလို မတိုက်နိုင်ကြဘူး။ ကျနော်တို့အတူတကွလုပ်ကြမယ်ဆိုရင် ကျနော်တို့ ပိုပြီးတော့ အောင်မြင်လာမယ်။ အဲဒါကပထမအကြောင်းအရင်းပါ။ ဒုတိယအကြောင်းအရင်းကတော့ ကျနော်တို့ မွန်ပြည်သူတွေရဲ့တိုက်တွန်းချက်ပေါ့၊ မွန်ပြည်သူတွေက အမြဲတမ်းပြောနေတာ၊ ခင်များ တို့ အကွဲကွဲအပြားပြားဖြစ်နေရင် ရန်သူကို ဘယ်လိုတိုက်မလဲ၊ အတူတူဘယ်လိုလုပ်ကြမလဲ။ အဲလို ပြည်သူတွေကနေ အမြဲတမ်းပြောကြတယ်၊ ပြောခံထိတယ်။ အဲဒါလည်းပါတာပေါ့၊ နောက်တစ်ချက် ကလည်း အတူတူလုပ်မှဖြစ်မယ်ဆိုတဲ့ အယူအဆက ရှိနေပြီးသားပါ။ ဒါပေမယ့်အခြေအနေ အ ကြောင်းကြောင်းကြောင့် မပေါင်းဖြစ်ကြသေးတာပေါ့၊ အခုကတော့ မပေါင်းရင်လည်းမရတော့ဘူး။ မပေါင်းရင်လည်း စစ်ပိုင်းဆိုင်ရာအောင်မြင်မှုတွေက တဖြည်းဖြည်းနဲ့လျော့သွားနိုင်တဲ့အခြေအနေ ရှိတယ်။ ပြည်သူ့ထောက်ခံမှုကလည်း တဖြည်းဖြည်းနဲ့လျော့သွားနိုင်တဲ့ အခြေအနေရှိတယ်။ အဲဒါ ကြောင့်မို့ပူးပေါင်းရတာပေါ့၊ နောက်တစ်ခုကလည်း တပ်တွေအချင်းချင်းကလည်း ပူးပေါင်းဆောင် ရွက်ဖို့အဆင့်သင့်ဖြစ်လာတဲ့အခြေအနေရှိလာလို့ ပူးပေါင်းလိုက်တာပါ” ဟု မွန်ပြည်ဖက်ဒရယ် ကောင်စီ ၊ အုပ်ချုပ်ရေးကော်မတီ၊ ကာကွယ်ရေးဌာနမှူး နိုင်ဒင်းပလဟံသာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုသည် ပထမအဆင့်အနေဖြင့် စစ်ရေးလှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်သွားဖြစ်ပြီး ယင်းအစည်းအဝေးမှတဆင့် မွန်တော်လှန်ရေးတပ်များ အားလုံးပါဝင်သည့် တစ်ခုတည်းသော မွန် တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်လာစေရန် လုပ်ဆောင်နေသည်မှာ ယခုမှ မဟုတ်ပဲ အစဉ်အမြဲကြိုးစားနေပြီး ဆက်လက်တွေ့ဆုံဆွေးနွေးကာ ပူးပေါင်းနိုင်ရန် ကြိုးစားသွားမည်ဖြစ် ကြောင်း၊ ယခုပေါင်းစည်းလိုက်သည့် အဖွဲ့အစည်း ၄ ဖွဲ့သည် ပထမဆုံးပူးပေါင်းဆောင်ရွက်လိုက် ခြင်းဖြစ်ပြီး အခြားမွန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ပူးပေါင်းလာ မည်ဟု မျှော်လင့်ပါကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ ၊ အုပ်ချုပ်ရေးကော်မတီ၊ ကာကွယ်ရေး ဌာနမှူး နိုင်ဒင်းပလဟံသာက ပြောဆိုသည်။

“တခြားမွန်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ကတော့ အခုမှမဟုတ်ပါဘူး။ ကြိုုးစားနေပြီးသားပါ။ ပုံမှန်လေးအမြဲတမ်းတွေ့ကြပါတယ်၊ ဒါပေမယ့် အကြောင်းကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသေး တဲ့အဖွဲ့အစည်းတွေကိုလည်း ဆက်လက်ပြီးတော့ ဆွေးနွေးသွားမယ်၊ လက်တွဲခေါ်သွားမယ်၊ ကျနော် တို့ ယူဆထားတာက မွန်အမျိုးသားအတွက်ကို ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တိုင်းမှာ သူ့မှာအခွင့်အရေးရှိတယ်၊ ရပ်တည်ခွင့်လည်းရှိတယ်။ ဒါကို ကျနော်တို့လက် ခံတယ်၊ ဒါကြောင့်မို့လို့ အတူတူလုပ်ကြဖို့ လမ်းဖွင့်ပြီးသားဖြစ်ပါတယ်။ နောက်တစ်ခုအရေးကြီးတာ က လုပ်နိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ပထမဆုံးတည်ဆောက်လိုက်တာပေါ့၊ အဲဒါပြီးရင်တော့ တခြား အဖွဲ့အစည်းတွေကလည်းကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့် အမြင်၊ ကိုယ့်အယူအဆနဲ့ အလုပ်လုပ် ချင်တဲ့ဆန္ဒကလူတိုင်းမှာရှိကြပါတယ်။ ဒါပေမယ့် ကွဲပြားနေ တဲ့ တော်လှန်ရေးမှာက အောင်မြင်သွာ တဲ့တော်လှန်ရေးက မရှိသေးပါဘူး။ အဲဒီလူမျိုးတစ်မျိုး သို့မဟုတ် လူတန်းစားတရပ်မှာက အောင်မြင် သွားတဲ့တော်လှန်ရေးမှာက တပ်ဦး သို့မဟုတ် ညွန့် ပေါင်းပုံစံနဲ့သွားကြပါတယ်။ သူ့ရဲ့တစ်ယောက်တည်းနဲ့တစ်ဖွဲ့တည်းနဲ့ စုကျဲပြီးတော့ နိုင်သွားတဲ့ သာဓကတွေမရှိသေးပါဘူး၊ ဒါ့ကြောင့်မို့လို့ ကျနော်တို့ဆွေးနွေးပါ၊ ကျနော်တို့ကို ဆက်သွယ်ပါ။ ကျနော်တို့ဘက်ကလည်း ဆွေးနွေးဖို့အဆင့်သင့်ဖြစ်ပါတယ်။ အမြဲတမ်းလမ်းဖွင့်ထားပါတယ်လို့ တိုက်တွန်းချင်ပါတယ်။” ဟု၎င်းက ပြောကြားသည်။

မွန်ပြည်သူလူထုအနေဖြင့်လည်း မွန်တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းကာ ဘုံရန်သူ စစ် ကောင်စီကို တိုက်ခိုက်နေပြီဖြစ်သဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးစေလိုကြောင်း တောင်းဆိုထားသည်။

“မွန်ပြည်သူလူတွေအမြဲတမ်းပြောပြောနေတဲ့ မွန်တွေဘာဖြစ်လို့ မညီကြသလဲ၊ တပ်အချင်းချင်း ဘာဖြစ်လို့အတူမတိုက်ကြတာလဲ၊ရည်မှန်းချက်ကတူနေတာတောင်ဘာဖြစ်လို့ အလုပ်အတူတူ လုပ်လို့မရသလဲဆိုတဲ့ တိုက်တွန်းချက်တွေ၊ မချင့်မရဲဖြစ်မှုတွေကို ကျနော်တို့အမြဲတမ်းဦးထိပ်ထား ပါတယ်။ အဲဒီလိုဦးထိပ်ထားပြီးတော့လည်းအကောင်အထည်ဖော်နေပါတယ်။ အကောင်အထည် ဖော်နေတဲ့အခါမှာ အခြေအနေအကြောင်းကြောင်းကြောင့် မလုပ်နိုင်တဲ့အခါရှိတယ်၊ ဒါပေမယ့် ကျနော် တို့လုပ်လို့ရသလောက် အခြေအနေပေးသလောက်ကို ကျနော်တို့ ကြိုးစားနေတယ်၊ အောင် မြင်အောင်လည်းလုပ်ပါတယ်၊ ဒါ့ထက်ပိုပြီးတော့လည်း အောင်မြင်အောင် လုပ်ဖို့လည်း စဉ်းစား ထားပါတယ်၊ ဒါ့ကြောင့်မို့ ကျနော်တို့ကိုလည်း တတ်နိုင်တဲ့ဘက်က ကူညီဖို့ မွန်ပြည်သူလူထုကို ပန်ကြားချင်ပါတယ်။” မွန်ပြည်ဖက်ဒရယ်ကောင်စီ ၊ အုပ်ချုပ်ရေးကော်မတီ၊ ကာကွယ်ရေး ဌာနမှူး နိုင်ဒင်းပလဟံသာက ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article