22 C
Yangon

KNU မူတြော်ခရိုင်တွင် မေလ ၁၅ ရက် အတွင်း စစ်ကောင်စီတပ်နှင့် KNLA ကြား တိုက်ပွဲ ၁၈၆ ကြိမ်ဖြစ်ပွားပြီး စစ်သား ၈၈ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်အတွင်း နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၊ ခါးပိုက်စောင် BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ တပ်ရင်းတပ်ဖွဲ့များကြား မေလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၈၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈၈ ဦး သေဆုံးကာ ၆၈ ဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ မော်တော်ယာဉ် ၃ စီးနှင့် စစ်ဆေးခန်း ၁ လုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပြီး ၁၅ ရက်တာ တိုက်ပွဲများအတွင်း KNLA ဘက်မှ ၂ ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ ၅ က ဆိုသည်။

စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များက ဒေသခံ ပြည်သူများနေထိုင်ရာ ကျေးရွာများနှင့် ဥယျာဉ်ခြံမြေများအတွင်းသို့ လက်နက်ကြီး ၇၂၈ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ဖော်ပြသည်။

ဓါတ်ပုံ – KNU တပ်မဟာ ၅ နယ်မြေ၌ ၂၀၂၂ ခုနှစ် မတ်လအတွင်း တိုက်ပွဲများတွင် ပျက်စီးသွားသော အကြမ်းဖက်စစ်တပ်မှ မော်တော်ယာဉ် ၁ စီး (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article