Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရခိုင်ပြည်နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကြီးကို သိမ်းပိုက်ရရှိပြီး ဗိုလ်မှူးချုပ်အဆင့် စစ်ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးရရှိမှုဟာ တော်လှန် ပြည်သူတစ်ရပ်လုံးရဲ့ အောင် မြင်မှုဖြစ်တယ်လို့ အာရက္ခတပ်တော် AA က တရားဝင် ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကြီးကို အာရက္ခ တပ်တော် AA က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ထုတ်ပြန်လိုက်တဲ့အချိန်မှာပဲ အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ဟာ နေပြည်တော်မှာ အမျိုးသားအားကစားပွဲတော် ကျင်းပပြီး နိုင်ငံကို ကာကွယ်နေရတယ်လို့ ပြောသွားပြန်ပါတယ်။
ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ် ၊ တိမ်မြုပ် ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၆ တပ်ရင်း ကနေ စစ်မှုထမ်း တပ်သားသစ် ၇ ဦးဟာ လက်နက်တွေပါ ယူဆောင်သွားပြီး ထွက်ပြေး လွတ်မြောက်သွား တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။