19 C
Yangon

ဘုတလင်၊ အင်တိုင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်မှု အသက် ၈ နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ ၊ စာသင်ကျောင်းနှင့်ဘုန်းကြီးကျောင်း ပျက်စီး

Must read

ဘုတလင်၊ အင်တိုင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်မှု အသက် ၈ နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ ၊ စာသင်ကျောင်းနှင့်ဘုန်းကြီးကျောင်း ပျက်စီး

ရန်ကုန်၊ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် အင်တိုင်းရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ်ကလေးနှင့် အသက် ၆၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇အချိန်ခန့် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ၊ စာသင်ဆောင် ၂ ဆောင်နှင့် ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရှိရသည်။

“အကြောင်းမဲ့ လာပစ်သွားတာ။ ထင်မှတ်မထားဘူးလေ။ မြေပြင်မှာကတော့ ဘာတိုက်ပွဲမှမရှိသလို ဘာစစ်ကြာင်းမှလည်း မရှိဘူး။ အခုလိုပစ်ခတ်လို့ အသက်၆၉နှစ်အရွယ် ဒေါ်ကြည်သန်းနဲ့ အသက် ၈ နှစ်အရွယ် မောင်ရဲလင်းထွန်း တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ နွားတစ်ကောင်လည်းသေဆုံးတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အင်တိုင်းရွာသို့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် လေယာဉ်သည် မိတ္ထီလာရှမ်းတဲ လေတပ်မှ Jet Fighter ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article