25.9 C
Yangon

မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းရှိ အဆောက်အအုံ တစ်လုံးအတွင်း ကင်းယူနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းရှိ အဆောက်အအုံ တစ်လုံးအတွင်း ကင်းယူနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းရှိ အဆောက်အအုံ တစ်လုံးအတွင်း ကင်းယူနေသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမပိုင်းရှိ အဆောက်အအုံ တစ်လုံးအတွင်း ကာကင်းယူနေသော တောပုကျေးရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို ကြိုတင်ပြင်ဆင် ထား သည့် ရှေ့ထွက်မိုင်း ၂ လုံး၊ ရှေ့တန်းမိုင်း ၁ လုံးတို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးပွဲချင်းပြီး သေဆုံးပြီး ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင်ကားများကို ချောဆွဲ၍ တင်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက် ရေး တပ်ဖွဲ့ (CHUPDF) ၊ Monywa Special ဒိတ်ဒိတ်ကြဲ LPDF နှင့် Special Force 11 LPDF တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်သားများ၏ Jammer နှင့် အခြားအခက်အခဲများကြောင့် မိုင်းပွိုင့်များ ဆက်လက်စစ်ရေးရန် ခက်ခဲခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား၊ ရဲနှင့် ပျူစောထီးများကို ရရာနည်းလမ်းများဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article