25 C
Yangon

မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် လောင်းကစားမြို့တော်တွင် လူသေဆုံးသည်အထိ ဖြစ်ပွားနေသော ပြင်းထန် ကာလ ဝမ်းရောဂါကြောင့် ထိုင်း-မြန်မာ နယ်စပ် ၁ လကြာ ပိတ်ထားရန် ထိုင်းကာကွယ်ရေးဝန်ကြီး အမိန့်ထုတ်

Must read

မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် လောင်းကစားမြို့တော်တွင် လူသေဆုံးသည်အထိ ဖြစ်ပွားနေသော ပြင်းထန် ကာလ ဝမ်းရောဂါကြောင့် ထိုင်း-မြန်မာ နယ်စပ် ၁ လကြာ ပိတ်ထားရန် ထိုင်းကာကွယ်ရေးဝန်ကြီး အမိန့်ထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် လောင်းကစားမြို့တော်တွင် လူသေဆုံးသည်အထိ ဖြစ်ပွားနေသော ပြင်းထန် ကာလ ဝမ်းရောဂါကြောင့် ထိုင်း-မြန်မာ နယ်စပ် ၁ လကြာ ပိတ်ထားရန် ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က အမိန့်ထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ကာလဝမ်းရောဂါ မပြန့်ပွားအောင် ကာကွယ်ရန် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်း-မြန်မာနယ်စပ်ကို ၁ လကြာ ပိတ်ထားရန် အမိန့်ထုတ်လိုက်ကြောင်း၊ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှစတင်၍ ယင်းသို့ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း၊ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ခရိုင် တာဝန်ရှိသူများ၊ မဲဆောက် ရဲတပ်ဖွဲ့နှင့် မဲဆောက်ဆေးရုံမှ ဝန်ထမ်းများက တာ့ခရိုင် နယ်စပ်ကျေးရွာများတွင် ကာလဝမ်းရောဂါ ကာကွယ်ရေး အသိပညာပေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

လတ်တလော ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်မြို့သစ်တွင် ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားလျက်ရှိပြီး အနည်းဆုံး လူ ၂ ဦးသေဆုံးကာ ရာပေါင်းများစွာ ကူးစက်ခံနေရကြောင်း သိရှိရသည်။

“ဝမ်းရောဂါဖြစ်တာက လူပါသေတယ်။ ၂ ဦးသေသွားပြီ။ အခုတော့ စျေးဆိုင်တွေနဲ့ လမ်းဘေးစားသောက်ဆိုင်တွေ အကုန်လုံး ပိတ်ခိုင်းထားတယ်။ ရွှေက္ကိုလ်ထဲကို အဝင်အထွက်တွေ ကန့်သတ်ထားတယ်။ ဝမ်းရောဂါဖြစ်တာတော့ ၄၀၀ လောက် ဖြစ်တယ်လို့ပြောတယ်” ဟု မြ၀တီမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ကာလဝမ်းရောဂါဖြစ်ပွားမှုနှင့်တပ်သက်၍ မြ၀တီမြို့နယ်ကို ထိန်းချုပ်ထားသော စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဓာတ်ပုံ- ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်တွင် ကာလဝမ်းရောဂါ အသိပညာပေး စာစောင်များကို ထိုင်းစစ်တပ်က ဝေငှနေစဉ်။

Photo- Khaosod English ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article