25 C
Yangon

နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပေးနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဘိုဌေးဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပေးနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဘိုဌေးဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာလ ၂၄

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာတွင် အကြမ်းဖက် စစ်တပ်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပေးနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဘိုဌေးဝင်း ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၈ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဘိုဌေးဝင်းကို ကျေးရွာအနောက်ဘက်ရှိ လှည်းလမ်းဘေး တစ်နေရာတွင် သေနတ်ဖြင့် ၂ ချက် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသည့် ရုပ်အလောင်းကို နတ်မောက်မြို့နယ် ပျူခေါင်းဆောင် ခင်မောင်ဌေးအဖွဲ့မှ နတ်မောက်မြို့ပေါ်ကို သယ်ဆောင်သွား ကြောင်း သိရသည်။

သေဆုံးသော အုပ်ချုပ်ရေးမှူး ဘိုဌေးဝင်းသည် ကျေးရွာနေ လူငယ်များကို အတင်းဓမ္မစစ်သား စုဆောင် ပေးခြင်း၊ လောင်းကစားဝိုင်းများထူထောင်ကာ အကြမ်းဖက် စစ်တပ်နှင့် ရဲများကို ထောက်ပံ့ပေးခြင်း၊ စစ်တပ် စစ်ကြောင်းထိုးရာတွင် လမ်းပြခြင်း၊ တိုင်တန်းခြင်း၊ စစ်တပ်နှင့် ကျေးရွာနေ ပြည်သူများ အပေါ် အနိုင်ကျင့်ခြင်းတို့ လုပ်ဆောင်နေခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူ့ပြစ်ချက်တွေကို စစ်ဆေးတွေ့ရှိချက်အရ ခိုင်လုံတဲ့အထောက်အထားတွေ အများကြီးတွေ့ခဲ့ပါ တယ်။ သူက ရွာမှာ လောင်းကစားဝိုင်းတွေလုပ်တယ်။ လောင်းကစားတွေကို သူ့လက်အောက်ငယ် သားကို အကောက်ကောက်ခိုင်းပြီးတော့ စစ်တပ်နဲ့ရဲကိုထောက်ပံ့တယ်။ ပြီးခဲ့တဲ့လထဲကဆိုလို့ရှိရင် လည်း ဒေသခံကလေး ၂ ဦးကို ရွာမွန်ဂိတ်မှာပေါ်တာဆွဲခံရအောင် သူကသတင်းပေးခဲ့တာ။ အဲဒီက လေး ၂ ယောက်ဆိုရင် စစ်တပ်ထဲပါသွားတာ” နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article