31 C
Yangon

ဒေးဒရဲမြို့နယ်၊တိုးကျေးရွာအုပ်ချုပ်ရေးမှူး လှထွဋ်က လိမ်လည်တိုင်တန်းသဖြင့် ပြည်သူ ၆ ဦးဖမ်းဆီးခံရပြီး စစ်တပ်၏ ရိုက်နှက်မှုညှဉ်းပန်းမှုကြောင့် ကျေးရွာသား ကိုကျော်ဝင်းနိုင် သေဆုံးကာ ၅ ဦးထောင်ချခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာနေ အုပ်ချုပ်ရေးမှူး လှထွဋ်၏ လိမ်ညာတိုင်တန်းခံရမှု ကြောင့် ပြည်သူ ၆ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပြည်သူ ၁ ဦးမှာ စစ်တပ်၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း၊ ကျန် ၅ ဦးမှာလည်း ထောင်ချခံထားရကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်ချုပ်ရေးမှူး လှထွဋ်က တော်လှန်ရေးနှင့် ဆက်နွယ်နေသည်၊ PDF များကို​ ထောက်ပံ့သည်ဟုဆိုကာ လိမ်လည်တိုင်တန်းမှုကြောင့် အရပ်သားပြည်သူ ကိုကျော်ဝင်းနိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးရာမှ သေဆုံးခဲ့ကြောင်း၊ အခြားသော ပြည်သူ ၅ ဦးမှာလည်း တော်လှန်ရေးနှင့် ဆက်စပ်သည်ဟု လိမ်လည် တိုင်ကြားမှုကြောင့် ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

“လှထွဋ်က အရင်က ဒုတ်ထိုးရောင်းစားတဲ့သူ၊ အခုက စစ်တပ်နဲ့ပေါင်းပြီး ရွာသူရွာသားတွေထံကနေ ပိုက်ဆံကောက် စစ်တပ်ကိုထောက်ပံ့ပြီး ကြီးပွားနေတာ၊ အခုဆိုင် ၂ ထပ်တိုက်အိမ်၊ ငါးဖမ်းလှေ ၄ စီး ပိုင်နေပြီ။ ရွာသူရွာသားတွေကိုလည်း အကြောက်တရားရိုက်သွင်းအုပ်ချုပ်နေတာ၊ သူနဲ့မတည့်တဲ့သူ ဆိုရင် စစ်တပ်ကို တိုင်ပြီးဖမ်းခိုင်းတယ်၊ ရွာထဲက ကလေးတွေ သူ့အိမ်မှာ ကင်းစောင့်ပေးရတယ်၊ အ ဝတ်လျှော် ပေးရတယ်။ ထမင်းချက်ပေးရတယ်၊ ရွာထဲကကလေးတွေကို စစ်မှုထမ်းမဲနှိုက်ပြီး ပို့ပေး နေ တာ။ မကျေနပ်လို့ လိုင်းပေါ်တင်တဲ့သူတွေကို စုံစမ်းပြီး စစ်တ်သားတွေခေါ်ရိုက်ခိုင်းတာ။ ရွာသူ၊ ရွာသားတွေအကုန်လုံးက သူ့ကို ကြောက်နေရတယ်။ လတိုင်းပိုက်ဆံကောက်ပြီး ဒေးဒရဲမြို့က စစ် တပ် တစ်လ သိန်း ၁၈၀ ထောက်ပံ့ပေးပြီး အာဏာ တည်မြဲအောင်လုပ်နေတာ” ဟု ဒေသနေ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် လှထွဋ်သည် ရွာသူရွာသားများထံမှ တစ်လလျှင်ငွေကျပ် သိန်း ၁၈၀ ကောက်ခံကာ ဒေးဒရဲ မြို့ရှိ စစ်တပ်ကို ထောက်ပံ့ပေးနေပြီး ရွာသူ၊ ရွာသားများကိုလည်း ကင်းစောင့်ခိုင်းခြင်း၊ စစ်တပ်အ တွက် စစ်သားစုဆောင်းပေးခြင်း၊၎င်း၏လုပ်ဆောင်ချက်များ မကြိုက်သဖြင့် လူမှုကွန်ယက်ပေါ်တင် မိသူများကို စစ်တပ်ခေါ်ကာ ရိုက်နှက်ခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် နေ့တွင် ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး လှထွဋ်ကို သေနတ်သမားများက ပစ်ခတ်ခဲ့သော်လည်း ထိမှန်ခဲ့ခြင်းမရှိဘဲ လွတ်မြောက်ခဲ့ပြီးနောက် လှထွဋ်မှာ ပြည်သူများအပေါ် ဖိနှိပ်မှုများကို လုပ်ဆောင်လာသူဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်တပ်၏ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသူ ကိုကျော်ဝင်းနိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်၏ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသူ ကိုကျော်ဝင်းနိုင်
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article