33 C
Yangon

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ခရစ္စမတ် အထိမ်းအမှတ် အဖြစ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမုံရွာခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်က မုံရွာမြို့နယ် ၊ ညောင်ဖြူပင် အထိုင် ရဲစခန်းကို ခရစ္စမတ်နေ့အထိမ်းအမှတ် နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး ယင်းမာ ပင် ခရိုင် အမှတ် ၃ တပ်ရင်း အမှတ် ၃ တပ်ခွဲမှ လက်နက်ငယ်အသံ တစ်ချက်ပေးကာ တိုင်ပင်ခေါ်၍ မုံရွာခရိုင် အမှတ် ၁ တပ်ရင်းမှ Pading ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညောင်ဖြူပင် အထိုင် ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်သားများကလည်း လက်နက်ငယ် ၊ MA 2 ၊ ငါးကြင်းမှီး များဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ ကြောင်း ၊ တိုက်ပွဲပြီးဆုံး၍ တော်လှန်ရေးတပ်ဖွဲ့များ လူစုခွဲချိန်တွင် အကြမ်းဖက်စစ်တပ်က ၆၀ မမ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ခွေးသေထိခိုက်မှုကတော့ စုံစမ်းထောက်လှမ်းနေဆဲပါ။ ရဲစခန်းမှာ အင်အားက အခုထပ်တိုးထားတဲ့ အင်အားနဲ့ဆိုတော့ ၆၀ ကျော်လောက်ရှိပါတယ်။ စခ၊ ရခ၊ ပခတွေရော များတယ်။ ကျနော်တို့ရဲဘော် တွေအားလုံး အထိအခိုက်မရှိခဲ့ပါဘူး” ဟု မုံရွာခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁ တပ်ရင်း ၊ ယင်းမာပင် ခရိုင် အမှတ် ၃ တပ်ရင်း ၊ အမှတ် ၃ တပ်ခွဲ နှင့် မုံရွာမြိုနယ် ရပ်ကျေးရွာ (ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article