33 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်ကောင်စီက ပို့ကုန်၊ သွင်းကုန်တွေကို အရင် အမေရိကန် ၁ ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ အခွန်ကောက်နေရာကနေ အခုအခါမှာတော့ အမေရိကန် ၁ ဒေါ်လာ ၃၅၈၈ ကျပ်နဲ့ ပြောင်းလဲ ကောက်ခံတော့မယ်လို့ မနေ့ကပဲ တရားဝင်ထုတ်ပြန်လိုက်တဲ့အတွက် စက်သုံးဆီ အပါအဝင် ပို့ကုန်၊ သွင်းကုန်တွေ အားလုံး ၇၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းတွေ လိုက်ပြီး မြင့်တက်ရတော့မယ်လို့ UMFCCI ရဲ့ စီးပွားရေးသမား ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို အာရက္ခတပ်တော် AA က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပြီလို့ ဒေသခံ သတင်းရင်းမြစ်နဲ့ စစ်ရေး သတင်းရင်းမြစ်က ပြောထားပါတယ်။

မကွေးတိုင်း၊ စလင်းမြို့မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးကတော့ နေရာမှာ တင် ပစ်လဲပြီး အသီးသီး သေကုန်ကြတဲ့အပြင် ဒဏ်ရာရတဲ့သူတွေပါရှိသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article