29 C
Yangon

ဖြူးမြို့နယ်၊ မျက်နီကွင်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံး

Must read

ဖြူးမြို့နယ်၊ မျက်နီကွင်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မျက်နီကွင်းရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံးကာ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၅၀၂ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေချိန် ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ တပ်ရင်းက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ထန်းကုန်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ အသက် ၆ နှစ် အရွယ် ကလေးငယ် ၁ ဦး ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း အကြမ်းဖက်‌ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ် တိုက် ခိုက်ခြင်းကြောင့် သရက်ကုန်း၊ မျက်နီကွင်း၊ ကံကလေး၊ နှောခင်ကျေးရွာများမှ ပြည်သူပိုင် နေအိမ်များ ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article