27 C
Yangon

ရန်ကုန်မြို့လယ်ခေါင် ၊ မြို့တော်ခန်းမရှေ့တွင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် စစ်တပ်ထောက်ခံပွဲလုပ်ရန် လူစုနေပြီး လမ်းများ ပိတ်ဆို့ထား

Must read

ရန်ကုန်၊ မေ ၁၉

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့တွင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် တပ်ထောက်ခံပွဲ လုပ်ရန် လူစုနေပြီး လမ်းများပိတ်ဆို့ထားကာ စစ်တပ်က လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားကြောင်း သိရှိရသည်။

မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်မှစတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုပန်းခြံကားပါကင် မြေကွက်လပ်တွင် စစ်တပ်ထောက်ခံပွဲနှင့် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး လမ်းစဉ် ထောက်ခံပွဲ ပြုလုပ်ရန် လူစုနေပြီး ယင်းနေရာပတ်ပတ်လည်ကို လမ်းပိတ်ထားကြောင်း၊ ကုန်သည်လမ်း အမေရိကန်သံရုံးအဟောင်းနှင့် စတော့အိတ်ချိန်းအဆောက်အအုံအကြားတွင် လူစုနေကြကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

“ဗန္ဓုလပန်းခြံနားမှာတပ်ထောက်ခံပွဲနဲ့အမျိုးဘာသာ သာသနာလိုပွဲတွေလုပ်ဖို့လုံခြုံရေးပတ်ပတ်လည် စခွေးရဲခွေးတွေကလည်း လက်နက်အပြည့်စုံနဲ့စောင့်ပေးနေကြတယ်။ လမ်းတွေလည်းပတ်ပတ်လည်ပိတ်ထားတာတွေ့နေရတယ်။ မနက်၈နာရီစတော့အိပ်ချိန်းရုံးနားကလမ်းကြားထဲမှာလူစုနေကြတယ်.ဘုန်းကြီးတွေလည်းပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

နေပြည်တော်တွင်လည်း မေလ ၁၆ ရက်နေ့က မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးလမ်းစဉ် ထောက်ခံပွဲ ပြုလုပ်ခဲ့ပြီး ပွဲမစတင်မီ ဗုံး ၂ လုံးပေါက်ကွဲခဲ့သည်။

ဓာတ်ပုံ- စစ်တပ်ထောက်ခံပွဲ လုပ်ရန် ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့လယ်တွင် လူစုနေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article