30 C
Yangon

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော စစ်သား ၃ ဦးကို ထပ်မံ ဖမ်းဆီရမိ၊ ပေါက်တွင် ရေပြာရဲစခန်းမှ ရဲ ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော စစ်သား ၃ ဦးကို ထပ်မံ ဖမ်းဆီရမိ၊ ပေါက်တွင် ရေပြာရဲစခန်းမှ ရဲ ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်တွင် မင်းတပ်မြို့၊ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဗျူဟာအမှတ် ၈၁ ယောဗျူဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်အနီးတွင် ချင်းပြည် နယ်၊ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဖြစ်သည့် ဇော်မျိုးထွဋ် ၊ ကျော်လတ်နှင့် လှခိုင်တို့အား လက်နက်မပါဖမ်းမိခဲ့ကြောင်း သိရသည်။

“လက်နက်တွေမပါဘူး။ ဖွတ်ထားခဲ့တာလို့ ပြောတယ်။ လက်ရှိတော့ ဗျူဟာထဲမှာပဲ ထိန်းသိမ်းထား ပါတယ်။ သူတို့ကို ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲဆိုတာ ခရိုင်ကို တင်ပြထားတယ်။ ညွှန်ကြာ ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ။ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ပြောချင်ပါ တယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း ပြ်ညသူ့ရင်ခွင်မှာ အမြန်ဆုံးခိုလှုံကြဖို့ တိုက်တွန်း ချင်ပါတယ်” ဟု ဗျူဟာအမှတ် ၈၁ ယောဗျူဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖမ်းဆီးထိန်းသိမ်းထားသော စစ်သား ၃ ဦးကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး လိုအပ် သော တကိုယ်ရေ အသုံးအဆောင် ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးထားသည့်အပြင် လိုအပ် သော ကျန်းမာရေးအတွက် ဆေးဝါးကုမှုများလည်း ပေးထားကြောင်း သိရသည်။

ယောဒေသအတွင်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်ကောင်စီတပ် သားများအနေဖြင့် ပြည်သူ့ရင်ခွင်တွင် ခိုလှုံလိုပါက ဗျုဟာ ၈၁ ယောဗျူဟာထံသို့ ဆက်သွယ်နိုင်ပြီး လက် နက် အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံလာပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးမည် ဖြစ် ကြောင်း အသိပေးထားသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ ရဲ ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Young Revolution Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ လက်နက်ကိုင် ရဲတပ်သား ၁ ဦးသည် G3 သေနတ် အမျိုးအစားနှင့် အတူ G3 ကျည် ၈၂ တောင့်တို့ ယူဆောင်လာပြီး ပေါက်တောင်ပိုင်း Y.R.F ပကဖ ဗိုလ်နားပေါက်တပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ CDM ပြုလုပ်လာသော ရဲတပ်သား၏ မိခင်ဖြစ်သူကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ CDM ပြုလုပ်လိုသော စစ်ကောင်စီ တပ်သားများအနေဖြင့် ပေါက်တောင်ပိုင်း Y.R.F ထံ ဆက်သွယ်နိုင်ကြောင်း Young Revolution Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article