31.3 C
Yangon

ဂန့်ဂေါတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသည့် အသက် ၁၄ နှစ် အရွယ် ပျုစောထီး ၁ ဦး အလင်းဝင်၊ တောင်သာတွင်လည်း ရဲတပ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ဂန့်ဂေါတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသည့် အသက် ၁၄ နှစ် အရွယ် ပျုစောထီး ၁ ဦး အလင်းဝင်၊ တောင်သာတွင်လည်း ရဲတပ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့ တောင်ဘက် လောင်ထောင်ဂိတ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသည့် အသက် ၁၄ နှစ်အရွယ် ပျုစောထီး ၁ ဦး လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဂန့်ဂေါမြို့ တောင်ဘက် လောင်ထောင်ဂိတ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော အသက် ၁၄ နှစ်အရွယ် မောင်ဖြိုးဝင်းသန့်သည် ဂန့်ဂေါမြို့‌ပေါ် ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်၏ ဂိတ်စောင့် အဖြစ် ၃ လခန့် တာဝန်ပေးစေခိုင်းခံခဲ့ရပြီး တာဝန်ပေးစေခိုင်းခံရစဉ်အတွင်း AK သေနတ် ကိုင်ဆောင်ခဲ့ရကြောင်း ၎င်းတာဝန်များကို ဆောင်ရွက်လိုခြင်းမရှိ၍ သက်ဆိုင်ရာ ပအဖ/ပကဖ များနှင့် ချိတ်ဆက်ကာ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက် လာသူက သူယူဆောင်လာနိုင်တဲ့ လက်နက်ပစ္စည်းအပေါ်မှာ မူတည်ပြီး ဂုဏ်ပြုဆုငွေ ဆုချပါတယ်။ အလင်းဝင်ရောက်လာသူအနေနဲ့ မိမိတို့ဖက်မှာ ဥပဒေနဲ့အညီ လိုအပ်မယ့် ကိုယ်ရေး အချက်လက်နဲ့ ဖောင်ဖြည့်ရပါမယ်။ စကစဆိုရင် ပြည်သူ့ရင်ခွင်နဲ့ပါ တပါတည်း ဆက်သွယ်ချိတ်ဆက်ပေးပါတယ်။ အလင်းဝင်ရောက်လာသူဟာ စိတ်ချ ယုံကြည်ရမယ့် အခြေနေတစ်ခုရောက်တာနဲ့ စကစ ကင်းစင်နယ်မြေမှာ မိမိ ရပ်တည်နေထိုင်လိုတဲ့နေရပ်ထိ ပြန်လည် ပို့ဆောင်ပေးပါတယ်။ အလင်းဝင်လာသူဟာ ၎င်းနေထိုင်ရမယ့် အရပ်က လုံခြုံမှုမရှိလို့ဖြစ်စေ နေရပ်မပြန်လို၍ဖြစ်စေ ဒီဖက်ကနေ အဆင်ပြေစွာ နေထိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်” ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလင်းဝင်ရောက်လာသူကို ဂန့်ဂေါမြို့နယ် ပကဖ က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၁ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံ ရဲတပ်သား ၂ ဦး သေနတ် ၂ လက်နဲ့ ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြုဆုငွေ ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောဆိုသည်။

“အလင်းဝင်ရောက်လာတဲ့ ရဲတပ်သား ၂ ဦးကို ကျွန်တော်တို့က နွေးနွေးထွေးထွေး ဆက်ဆံထားပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေနဲ့ တပြေးညီပဲ ထားပါတယ်”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး ပြောဆိုသည်။

ထို အလင်းဝင်ရောက်လာသော ရဲတပ်သား ၂ ဦးသည် G3 အမျိုးအစားသေနတ် ၁ လက်၊ ကျည် ၁၀၁-တောင့်၊ ကျည်ဘောက်ပို ၂ ခုနှင့် အူဇီအမျိုးအစား သေနတ် ၁ လက်၊ ကျည် ၁၈-တောင့်တို့ တပါတည်း ယူဆောင်လာသောကြောင့် တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article