22 C
Yangon

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်ဖမ်းမိပြီး ၁၂၀ မမ စိန်ပြောင်းအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ မေ ၁၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်သား ၆ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် MA အမျိုးအစား သေနတ် ၆ လက်၊ စက်လက် (ငါးကြင်းမြီး) ၁ လက်၊ RPG ၁ လက်၊ ၁၂၀ မမ စိန်ပြောင်း ၁ လက်၊ BA 100 စိန်ပြောင်း ၁ လက်၊ MA 7 စိန်ပြောင်း ၁လက် အပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

၃၂ နှစ်အကြာမှ KNLA က ပြန်လည်သိမ်းပိုက်နိုင်သော သေ့ဘောဘိုးစစ်တပ်စခန်းတိုက်ပွဲတွင် စစ်သားအလောင်းများကို စစ်တပ်က ဆွဲယူထွက်ပြေးသွားကြောင်း သိရှိရပြီး တိုက်ပွဲတွင် PDF ၁ ဦး ကျဆုံးခဲ့သည်။

အဆိုပါ သေ့ဘောဘိုးစခန်းကုန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီး၊ တိုက်ခိုက်ရေးရဟတ် ယာဉ် ၂ စီး၊ CH 3 Drone ၁ စီးဖြင့် အကြိမ် ၂၀ နှင့် အထက် ရဟတ် ယာဉ်နှင့်လေယာဉ်များ မီးခိုးထွက်သည်အထိ လာရောက် ဗုံးကျဲ တိုက်ခိုက်၍ စခန်းပြန်ရရန် တိုက်ခိုက်သော်လည်း နောက်ဆုံးတွင် စစ်သား သေဆုံးမှုများစွာဖြင့် အရှုံးပေးထွက်ပြေးသွားရကြောင်း သိရှိရသည်။

KNLA၊ KNDO၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိသော စစ်ကောင်စီ ၏သေ့ဘောဘိုးစခန်းသည် မြဝတီ-လေးကေ့ကော်-ဖလူး-သေ့ဘောဘိုး-ဝေါ်လေမြိုင် ကားလမ်းပေါ်တွင် တည်ရှိနေသော စခန်းဖြစ်ပြီး ဗျူဟာအရ အရေးပါသော စခန်းတစ်ခုလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article