24 C
Yangon

အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ကို PDF က တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် စစ်တပ်က ပဲခူးရိုးမအစပ်တွင် မြေမြုပ်မိုင်းများ ထောင်ထား၍ ပြည်သူများ သွားလာရေး ခက်ခဲနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် အကြမ်းဖက် စစ်တပ်က ပဲခူးရိုးမအစပ်တွင် မြေမြုပ်မိုင်း အမြောက်အများ လိုက်လံ ထောင်ထား၍ ပြည်သူများ သွားလာရေး ခက်ခဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလအတွင်း အေးမြသာယာမြို့ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက် ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရိုးမ အစပ်တွင် စစ်ကားများဖြင့် မြေမြုပ်မိုင်း အမြောက်အများ လိုက်လံ ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် PDF တပ်ဖွဲ့များ ဝင်ရောက်နိုင်သည်ဆိုသော နေရာ အများအပြားတွင် မြေမြုပ်မိုင်းများ တောက်လျောက်ထောင်ထားခြင်းကြောင့် စားဝတ်နေရေး အတွက် ပဲခူးရိုးမ အတွင်း ဝင်ရောက်နေရသော ပြည်သူများ အနေဖြင့် သွားလာရေး ခက်ခဲနေကြောင်း သိရှိရသည်။

“စစ်တပ်က အေးမြသာယာမြို့အစပ်က ပဲခူးရိုးမအစပ်မှာ တောက်လျောက်ကို မိုင်းတွေလိုက်ထောင်နေတာ သူတို့ကို PDF တွေလာတိုက်မယ်ဆိုပြီး စစ်ကားတွေနဲ့ မိုင်းတွေ လိုက်ထောင်နေတာ PDF ဝင်နိုင်မယ်လမ်းကြောင်းဆိုပြီး ပဲခူးရိုးမ တောက်လျောက်ကို ထောင်ထားတာ ရိုးမထဲမှာ သွားရောက် လုပ်ကိုင်နေရတဲ့ ပြညသူတွေ သွားလာရေး ခက်ခဲကုန်ပြီး ဘယ်နေရာတွေထောင်ထားလည်းဆိုတာလည်း မသိရဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အေးမြသာယာ ဝဏ္ဏ ဦးဆောင်သော ပျူစောထီး အင်အား ၆၀ ခန့်ရှိသော အဖွဲ့ကိုလည်း PDF တပ်ဖွဲ့များကို ခုခံတိုက်ခိုက်မည်ဟု ကြွေးကြော်နေသော်လည်း ၎င်း၏ မိသားစုဝင်များကို ကြိုတင် ရှောင်ရှားရန်နှင့် စာရွက်စာ တန်းများ၊ အရေးကြီး ပစ္စည်းများ သိမ်းဆည်းထားရန် ပြင်ဆင်ခိုင်းထားကြောင်း သိရသည်။

Photo – စလင်းမြို့နယ်အတွင်းရှိ ကပစ စက်ရုံများကို သွယ်တန်းထားသော မီးတိုင်များ အနီးတွင် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ရှင်းလင်း သိမ်းဆည်းရရှိခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စလင်းမြို့နယ်အတွင်းရှိ ကပစ စက်ရုံများကို သွယ်တန်းထားသော မီးတိုင်များ အနီးတွင် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ရှင်းလင်း သိမ်းဆည်းရရှိခဲ့စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article