24 C
Yangon

ကမ္မမြို့တွင် စစ်တပ်၏ နောက်ချန်ကင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

Must read

ကမ္မမြို့တွင် စစ်တပ်၏ နောက်ချန်ကင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် အကြမ်းဖက် စစ်တပ်၏ နောက်ချန်ကင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကမ္မမြို့ တမာပင်ရွာနှင့် ရိုးယာရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ နောက်ချန်ကင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်း နောက်ချန်ကင်းကို တိုက်ခိုက်ခဲ့တာပေါ့။ ဧရာဒေါင်း အဖွဲ့က ရဲဘော် ၄ ဦး မစိုရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်။ စစ်ခွေးတွေဘက်ကတော့ ၂ ကောင် မျက်မြင်နေရာတင် လဲကျသေဆုံးတယ်။ နောက်ပါ ၁၀ ကောင်ထက်မနည်း ဒဏ်ရာတယ်လို့ သိရတယ်” ဟု ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BLY (ပေါက် ပကဖ) နှင့် ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတပ်တပ်ဖွဲ့ (၅) ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကိ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article