23 C
Yangon

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ NCA ချိုးဖောက်ပြီး ကတိကဝတ်များ လိုက်နာမှုမရှိဘဲ အတ္တကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်နေဟု မင်းအောင်လှိုင် ပြောပြန်

Must read

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ NCA ချိုးဖောက်ပြီး ကတိကဝတ်များ လိုက်နာမှုမရှိဘဲ အတ္တကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်နေဟု မင်းအောင်လှိုင် ပြောပြန်

ရန်ကုန်၊ ဇန်နဝါရီ ၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ NCA ချိုးဖောက်ပြီး ကတိကဝတ်များ လိုက်နာမှုမရှိဘဲ အတ္တကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်နေကြောင်း ပြောဆိုပြန်သည်။

ယနေ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် မင်းအောင်လှိုင်၏ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက် မှတ်ရေးထိုးခဲ့ကြကြောင်း၊ စစ်တပ်အနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာ ​ကြေညာခဲ့ကြောင်း၊ သို့သော်လည်း NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO အချို့သည် NCA ပါ ကတိကဝတ်များကို လိုက်နာမှု မရှိဘဲ ချိုးဖောက်နေကြသည်ကိုလည်း တွေ့ရှိနေရကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများမှာ နိုင်ငံရေး အမြင်မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြားရပ်လိုစိတ်နှင့် အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိကြောင်း၊ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွား မည်မဟုတ်ကြောင်း အတိအလင်းကြေညာထားပြီးဖြစ်ကြောင်း ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article