တောင်သာမြို့နယ်၊ ရုံးစင်ကြီး ရဲစခန်းမှ ကွမ်းထွက်ဝယ်သည့် ရဲလင်မယားကို တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းမိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစင်ကြီးရဲစခန်းမှ ကွမ်းထွက်ဝယ်သည့် ရဲလင်မယားကို တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းမိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းတွင် တောင်သာမြို့နယ်၊ ရုံးစင်ကြီးရဲစခန်းမှ ရဲတပ်သား ကျော်သောင်းနှင့် ၎င်း၏ အမျိုးသမီးဖြစ်သူသည် ကွမ်းယာဆိုင်မှ ကွမ်းဝယ်ပြီး အပြန်လမ်းတွင် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက စောင့်ကြို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသော ရဲတပ်သား ကျော်သောင်းထံမှ G-3 အမျိုးအစား လက်နက် ၁ လက်နှင့် ကျည် ၁၅ တောင့် တို့ကိုလည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်း ဖမ်းဆီးရမိသော ရဲတပ်သားနှင့် ဇနီးကို စစ်သုံ့ပန်းဥပဒေနှင့် အညီ ထိမ်းသိမ်းထားရှိကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။