ရန်ကုန်၊ ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် ခလရ ၁၇ နှင့် ပါဒစက်တော်ရာအနီး တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်က လေ ကြောင်းဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၈ နာရီခန့်က ပုလောမြို့နယ်ခြေစိုက် ခလရ ၁၇ တပ်ရင်း ကို ပြည်သူ့ ကာကွယ်ရေးတပ်မ တော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦး ထက်နည်း သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် နံနက် ၉ နာရီ ၃၀ မိနစ် ဝန်း ကျင်တွင် ၁ ကြိမ်၊ ၁၀ နာရီဝန်းကျင်တွင် ၁ ကြိမ် ဗုံး ၁၆ လုံး ကြဲချတိုက်ခိုက်ခဲ့သော်လည်း တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ပုလောမြို့နယ်၊ ပါဒစက်တော်ရာအနီးရှိ အကြမ်းဖက်စစ်တပ် စခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ်- KNDO ၊ တပ်ရင်း ၇ နှင့် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပူးပေါင်း မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုကသေဆုံးမှုများပြားပြီး အကြမ်းဖက်စစ် တပ်က ညနေ ၆ နာရီအထိ လေကြောင်းဖြင့် ၂၃ ကြိမ်၊ ဗုံးသီး အလုံးရေ ၇၀ ခန့်ကျဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
“ခလရ ၁၇ တပ်ရင်းက ပုလောမြို့နယ်နဲ့ မြိတ်မြို့နယ်အစပ်မှာရှိတာ၊ အဲဒီတိုက်ပွဲမှာက စခ ၃ ဦး သေတယ်။ စက်တော်ရာက ခလရ ၁၇ နဲ့ ၆ မိုင်လောက်ဝေးတဲ့နေရာမှာရှိတာ။ တိုက်ပွဲက တစ်ချိန် တည်းတပြိုင်တည်းဖြစ်တာဆိုတော့ တဆက်တည်း ဗုံးလာကျဲတာ။ လက်ရှိတက ခလရ ၁၇ တပ်ရင်း မှာ တိုက်ပွဲမရှိတော့ဘူး။ စက်တောရာရွာနားမှာတော့ တိုက်ပွဲပြင်းထန်နေသေးတယ်။ အဲဒီမှာလည်း နှစ်ဖက် အထိအခိုက်ရှိတယ်။ စခတွေဘက်က တော်တော်အထိနာလို့ တနေကုန်လေကြောင်းပစ်ကူ ပေးတာ” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန် အဟုန် မြှင့်တင်ဆောင် ရွက်နေပြီး မည်သည့်နေရာမဆို စစ်မြေပြင်ဖြစ်သွားနိုင်သောကြောင့် ပြည်သူတွေအနေဖြင့် စစ် ရေးသတိအမြဲရှိနေကြရန်၊ ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar