25 C
Yangon

ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ဘုန်းကြီး ၁ ပါးနှင့်ရဲ ၁ ဦးသေဆုံး၊ ရွှေသောင်ယံမြို့မှ စစ်အရာရှိနှင့်စစ်သည် ၃၀ ထက်မနည်းထွက်ပြေး၍ စစ်ဆေးရေးတင်းကျပ်နေ

Must read

ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ဘုန်းကြီး ၁ ပါးနှင့်ရဲ ၁ ဦးသေဆုံး၊ ရွှေသောင်ယံမြို့မှ စစ်အရာရှိနှင့်စစ်သည် ၃၀ ထက်မနည်းထွက်ပြေး၍ စစ်ဆေးရေးတင်းကျပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်သောကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူကာ ရဲ ၁ ဦးလည်းသေဆုံးခဲ့ကြောင်း ပုသိမ်း သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်တိုက်နယ်ရှိ ကုလားချောင်းရွာ၊‌ ပေါက်တူးကွင်းရွာနှင့် မကျီးဇင်ဖျားရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျေးရွာတစ်ရွာ ပျက်ဆီးသွားပြီး ကျောင်းထိုင် ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ ရဲ ၁ ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အဆိုပါ ကျေးရွာများနှင့် အနီးအနားတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပြည်သူများသည် သာပေါင်းမြို့နယ်ဘက်ကို အများအပြားဝင်ရောက်လာပြီး စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ရွှေသောင်ယံမြို့မှ အကြမ်းဖက် စစ်တပ်၏ အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ၃၀ ထက်မနည်း ထွက်ပြေး သွားသဖြင့် စစ်တပ်က စစ်ဆေးရေးဂိတ်များတွင် တပ်ကျပ်စွာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ လက်ရှိချိန်တွင် ပုသိမ်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် PDF များကို ဦးစားပေးစစ်ဆေးနိုင်ခြင်းမရှိတော့ဘဲ တပ်ပြေးများကိုသာ ဦးစားပေး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

လတ်တလော မကျီးဇင်ရွာနယ်မြေ ရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

“မကျီးဇင်ရွာ ရဲစခန်းကို AA နဲ့ PDF တွေ သိမ်းလိုက်ပြီလို့ သတင်းထွက်နေတယ်။ ကျနော်တို့တော့ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲတွေ ဆက်ရှိသေးတော့ အတည်ပြုနိုင်ဖို့ ခက်နေတယ်။ စစ်တပ်လေယာဉ်တွေ ဆက်တိုက် ဝဲ၊ ဗုံးကျဲနေတာရှိတယ်။ ရွာမှာက ဘယ်သူမှ မကျန်တော့ဘူး။ အကုန်ပြေးကုန်ပြီ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ရွှေသောင်ယံမြို့အဝင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article