28 C
Yangon

ထိုင်းနိင်ငံ ၊ Gambol ကြောင်စာစက်ရုံမှ မြန်မာအလုပ်သမားများ အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန် တစ်ဦးလျှင် ဘတ် ၁၄၀၀၀ ကောက်ခံမှု လျှော့ချပေးရန် ဆန္ဒပြ၊ အလုပ်သမားများကို စက်ရုံက အလုပ်ထုတ်

Must read

ထိုင်းနိင်ငံ ၊ Gambol ကြောင်စာစက်ရုံမှ မြန်မာအလုပ်သမားများ အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန် တစ်ဦးလျှင် ဘတ် ၁၄၀၀၀ ကောက်ခံမှု လျှော့ချပေးရန် ဆန္ဒပြ၊ အလုပ်သမားများကို စက်ရုံက အလုပ်ထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ထိုင်းနိင်ငံ ၊ ချွန်ပူလီခရိုင်၊ ဘောဝင်းမြို့ ရှိ Gambol ကြောင်စာစက်ရုံမှ မြန်မာအလုပ်သမားများ အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန် တစ်ဦးလျှင် ဘတ် ၁၄၀၀၀ ကောက်ခံမှု လျှော့ချပေးရန် ဆန္ဒပြနေပြီး ဆန္ဒပြ အလုပ်သမားများကို အလုပ်ထုတ်လိုက်ကြောင်း အဆိုပါစက်ရုံမှ မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမား ၅၀၀ နီးပါးရှိပြီး အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန်အတွက် အလုပ်သမား ၁ ဦးလျှင် ထိုင်းဘတ် ၁၄၀၀၀ အထိ တောင်းခံနေသည့်အတွက် အလုပ်သမားများက ဈေးနှုန်းလျှော့ချပေးရန် တောင်းဆိုဆန္ဒပြကြကြောင်း၊ သို့ရာတွင် စက်ရုံက ဈေးနှုန်းလျှော့ချမပေးဘဲ အလုပ်သမား ၁၀၀ ဝန်းကျင် အလုပ်ထုတ်လိုက်ကြောင်း မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလုပ်သမားများနေထိုင် အလုပ်လုပ်ခွင့် သက်တမ်းတိုးရန်အတွက် AAA အေဂျင်စီမှ မြင့်ဇော်‌ ခေါ် ကရင်နှင့် စက်ရုံမှ တ ရုတ်နိုင်ငံသား ၁ ဦးတို့ ပူးပေါင်း၍ အလုပ်သမားများထံမှ မတရားကောက်ခံနေခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆန္ဒပြအလုပ်သမားများကို အလုပ်ထုတ်ပစ်ရန် ထိုင်းရဲများကိုလည်း စက်ရုံသို့ ခေါ်ထားကြောင်း အလုပ်သမားများ ထံမှ သိရှိရသည်။

“ဒီနေ့ပဲ အလုပ်ထုတ်လိုက်တာပါ။ ၁၀၀ လောက်ရှိနယ်။ ထိုင်းရဲတော့ ရောက်နေပြီ အခုအချိန်ထိတော့ အဖမ်းမခံရသေးပါဘူးဗျ။ ကုမ္ပဏီက တရုတ်နဲ့ ပွဲစား ကိုကရင် ပေါင်းစားနေကြတာပါ ခင်ဗျာ။ ထိုင်းရဲက ပြောတယ် စခန်းကို တစ်ယောက် လိုက်ရမယ်လို့ ပြောပါတယ် ဘယ်သူမှ မလိုက်ပါဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် မြန်မာအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြန်မာအလုပ်သမားများက အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးခ ဘတ် ၁၄၀၀၀ အထိ တောင်းခံနေခြင်းကို ဘတ် ၁၀၀၀၀ သို့ လျှော့ချ ပေးရန်တောင်းဆိုနေကြခြင်းဖြစ်ကြောင်း၊ စက်ရုံက ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပေးခြင်းမရှိဘဲ အလုပ်သမားများကို ယနေ့ အလုပ်ဆင်းရန်နှင့် အလုပ်မဆင်းပါက စက်ရုံသို့ နောက်နေ့တွင် မလာရန် ပြောဆို၍ အလုပ်ထုတ်ပစ်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဆန္ဒပြမြန်မာအလုပ်သမားများသည် ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသည့် အေအေစီ ကိုရဲမင်းထံ ဆက်သွယ်၍ အကူအညီတောင်းခံထားကြောင်း ဆန္ဒပြအလုပ်သမားများက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article