28 C
Yangon

တောင်သာအတွင်း စစ်ကြောင်း ထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦး ထက်မနည်း သေဆုံး

Must read

တောင်သာအတွင်း စစ်ကြောင်း ထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦး ထက်မနည်း သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်း ထိုးရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း (Myingyan District Army-3_MDA-3_Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် တောင်သာမြို့ စွပ်ကျယ်စက်ရုံရှိ အကြမ်းဖက် စစ်တပ်မှအင်အား ၃၀ ဦးခန့်ပါ စစ်ကြောင်းသည် ခြေလျင်စစ်ကြာင်းထိုးလာရန် ပြည်သူ ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ ထို့နောက် တောင်သာမြို့နယ်၊ နန်းမြင့်ရွာ အရှေ့ဘက် နန်းမြင့်တောင်စွယ် ဘုန်းတော်ကြီးကျောင်းတွင် မြင်းခြံဘက်မှ ပျူစောထီး ၁၀၀ ဦးခန့် ဖြင့် စစ်ကြောင်းပေါင်း၍ တောင်သာမြို့နယ်ကို စစ်ကြောင်းထိုးရန် ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း ၃ Drone Team နှင့် MGN District Drone Team တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး တောင်သာမြို့နယ် ပကဖ က အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရှိရသည်။

ယင်းထိတွေ့ တိုက်ပွဲဖြစ်ပွားသော နေရာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရန် ရောက်ရှိလာသော်လည်း တော်လှန်ရေး ရဲဘော်များ အလျင်အမြန် တပ်ဖျောက်နိုင်ခဲ့သည့် အတွက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို စစ်ကြောင်းကို ဆက်လက် တိုက်ခိုက်ရန် တော်လှန်ရေး တပ်ဖွဲ့များက ကြိုးစားခဲ့သော်လည်း ညအချိန်ဖြစ်သည့် အတွက် တိုက်ခိုက်နိုင်ခြင်းမရှိဘဲ စစ်တပ်စစ်ကြောင်း တစ်ခုလုံးကို ဝိုင်းဝန်း ပိတ်ဆို့ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် တိုက်ခိုက်ရန် ပြင်ဆင်နေချိန် မြင်းခြံဘက်မှ ပျူစောထီးများက ကား ၄ စီးဖြင့် မြင်းခြံဘက်ကို ဆုတ်ခွာရန် လုပ်ဆောင်နေကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြတ်တောက်တိုက်ခိုက်မှုကို တောင်သာ ပကဖ ၊ စွန်ရဲ (မြင်းခြံပကဖ) ၊ မြင်းခြံခရိုင်တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း၇ ၊တပ်ရင်း ၈ တို့က တိုက်ခိုက်ခဲ့ရာ ကား.၄ စီး အနက် ရှေ့ဆုံးကားပေါ်ရှိ မြင်းခြံ ပျူစောထီး ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ အားလုံး အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော ပြည်သူ တစ်ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဇန်နဝါရီလ ၂ ရက်နေ့ မလှိုင်မြို့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးကို လက်နက် ၃ လက်၊ ကျည် ၅၅၀ တောင့်နှင့်အတူ ဖမ်းဆီးရရှိစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article