23 C
Yangon

ချောက်မြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး ပစ်သတ်ပြီး ရုပ်အလောင်းများ စွန့်ပစ်ခဲ့ကာ ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား

Must read

ချောက်မြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး ပစ်သတ်ပြီး ရုပ်အလောင်းများ စွန့်ပစ်ခဲ့ကာ ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာနေ ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၁ ဦးကို ဖမ်းဆီးသွားကြောင်း Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ချောက်မြို့နယ်၊ ကုန်းကြီးရွာ ပျူစောထီ စခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ထိန်းစမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထိန်းစမ်းရွာမှ ပြည်သူ ၃ ဦးကို ဖမ်းဆီးပြီး ၂ ဦးကို ဦးခေါင်းတေ့၍ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကာ ကျန် ၁ ဦးကို နံနက် ၁၀ နာရီခန့်တွင် ကုန်းကြီးရွာ ပျူစောထီးစခန်းကို ဖမ်းဆီးပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ရွာသား ၂ ဦးဆိုရင် ခေါင်းတွေချည့်တေ့ပြီး ပစ်သတ်ခဲ့တာ။ စစ်ကြောင်း ထွက်သွားပြီးတော့ အလောင်းတွေကောက်ယူပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးပြီးပါပြီ” ဟု Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာနေ ပြည်သူ တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း Myingyan District Army-3_MDA-3_Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် သံမဏိစက်ရုံမှ အင်အား ၅၀ ကျော်ဖြင့် ခြုံကြီးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က ကျေးရွာနေပြည်သူ ကိုဟိန်းဇော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားပြီး ကျေးရွာ အနောက်ဘက်တွင် ပစ်သတ်၍ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက နံနက် အစောပိုင်းတည်းက ရွာထဲကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားတယ်။ သူတို့ ဖမ်းဆီးသွားတဲ့ ပြည်သူကိုတော့ ကျေးရွာ အနောက်ဘက်မှာ ပစ်ခတ် သတ်ဖြတ်ပြီး ရုပ်အလောင်းကို စွန့်ပစ်ထားခဲ့တယ်” ဟု Myingyan District Army-3_MDA-3_Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article