24 C
Yangon

တနင်္သာရီမြို့နယ်၊ တကူရွာမှာ စစ်တပ်က ကလေးငယ်တစ်ဦးနဲ့ရွာသားတစ်ဦးကိုပစ်သတ် ၊ အင်တာနက်လိုင်းဖြတ်တောက်ထားပြီး ပြည်သူအားလုံး ထွက် ပြေးနေရ

Must read

ရန်ကုန်၊ မေ ၂၁

စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်းမြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က တကူရွာမှာ ကလေးငယ်တစ်ဦးနဲ့ရွာသားတစ်ဦးပစ်သတ်ခံခဲ့ရပြီးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မေလ ၂၀ ရက်က အသက် ၁၀ နှစ်ဝန်းကျင်အရွယ် စိတ်ဝေဒနာခံစားနေရတဲ့ကလေးငယ်နဲ့ ရွာသားတစ်ဦးကိုစစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ တကူရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို လက် နက်ကြီးတွေအဆက်မပြတ်အသုံးပြုပစ်ခတ်ခဲ့လို့ ဒေသခံတွေထောင်ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒေသခံရွာသားတချို့ကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဒီနေ့နံနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးထပ်ထိုးတာတွေလုပ်ဆောင်နေတဲ့အပြင် တကူရွာနဲ့ သိန္ဓောရွာတို့မှာ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတယ်လို့သိရပါတယ်။

(The Tanintharyi Times သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်၊)

ဓာတ်ပုံ – ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတွေ(Kwe Ka Lu News)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article