မြိုင်မြို့နယ်၊ လင်းကတော နယ်မြေ ရဲစခန်းကို ဒရုန်းဖြင့် မီးလောင်ဗုံး အပါအဝင် ဗုံးသီး ၁၆ လုံး ကျဲ တိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေ ရဲစခန်းကို ဒရုန်းဖြင့် မီးလောင်ဗုံး အပါအဝင် ဗုံးသီး ၁၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း Eagle Brigade (Anyar Eagles) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ လင်းကတောနယ်မြေရဲစခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်းဖြင့် မီးလောင် ဗုံးအပါအဝင် ဗုံးသီး ၁၆ လုံးကျဲ ချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေ ဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို အတိပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“မီးလောင်ဗုံးရော၊ ရိုးရိုးဗုံးသီးရော ၁၆ လုံးချခဲ့ပါတယ်။ သေဆုံးထိခိုက်မှုကတော့ မသိရသေးပါဘူး။ ပစ်မှတ်ကိုတော့ သေချချနိုင်ခဲ့ပါတယ်။ မီးလောင်တာတွေလည်းရှိနိုင်ပေမယ့် ထင်သလောက်တော့ သိပ်မလောင်ခဲ့ပါဘူး။ မဟာမိတ်တွေရဲ့ မီးလောင်ဗုံးနဲ့ချခဲ့တာပါ။ သူတို့ဘက်ကနေကောင်တာပြန်ပစ် တာတွေလည်းရှိပါတယ်။ ပြည်သူတွေအနေနဲ့ အရင်ကထက် နိုးနိုးကြားကြား သတိရှိကြဖို့ တိုက် တွန်းချင်ပါတယ်” ဟု Eagle Brigade (Anyar Eagles) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Eagle Brigade (ANyar Eagles) ၊ Eagle Fighters (Myaing) ၊ MPL ၊ နဂါးနီ အဂ္ဂ ၊ ရေစကြို (Phoenix) နှင့် ပခုက္ကူခရိုင် တပ်ရင်း ၁၀ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။