31 C
Yangon

ဒေါက်တာစင်သီယာမောင်နှင့် တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးအဖွဲ့ တွေ့ဆုံ

Must read

ရန်ကုန်၊ မေ ၂၁

ဂွမ်ဂျူးလူ့အခွင့်အရေးဆုရ ဒေါက်တာ စင်သီယာမောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ တောင်ကိုးရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ မေလ ၂၁ ရက် ကိုရီးယားစံတော်ချိန် ညနေ ၄ နာရီတွင် တွေ့ဆုံကြကြောင်း သတင်းရရှိသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော ဒေါက်တာစင်သီယာမောင်နှင့် NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များသည် အင်ချွန်းဘူဖြောင်းမြို့ရှိ ကိုယ်စားလှယ်ရုံးတွင် တွေ့ဆုံကြခြင်းဖြစ်သည်။

“မြန်မာနိုင်ငံသားများနဲ့ ကိုရီးယားနိုင်ငံသားတို့ရဲ့ ဆုံစည်းမှုနဲ့ မြန်မာပြည်လူ့အခွင့်အ‌ရေး၊ ငြိမ်းချမ်းရေးကို တည်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါက်တာစင်သီယာမောင်က အမှတ်တရ စာရေးသားခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မဲတော်ဆေးခန်းကို ဦးဆောင်လုပ်ကိုင်နေသည့် ဒေါက်တာစင်သီယာမောင်သည် ၂၀၂၂ ခုနှစ်အတွက် ချီးမြှင့်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ရရှိခဲ့ပြီး မေလ ၁၈ ရက်နေ့တွင် ဆုလက်ခံယူခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article