Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၁ ရက်မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုးအပါအဝင် မြို့များစွာ သိမ်းပိုက်ထားတဲ့ ကိုးကန့် MNDAA က စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် တရားဝင်လက်မှတ်ထိုးလိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
မွန်ပြည်နယ်မှာ တပ်ဖွဲ့ ၄ ဖွဲ့ စုပေါင်းကာ ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းပြီးဖြစ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ထုတ်သွားမယ်လို့ ရာမညစစ်ကြောင်းပြောဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းက ပြောပါ တယ်။
အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့်မပြုဖို့ ဆက်လက်ဆုံးဖြတ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။