ရန်ကုန်၊ မေ ၂၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းတောကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ မေလ ၂၀ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝင် ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိပြီး အသေအပျောက်ရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။
အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူ UG နှင့် မိတ်ဖတ်ညီကို လေးဖွဲ့တို့ဦးဆောင်ပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်များမှာ ဟုမ္မလင်း အခြေစိုက် ခမရ (၃၆၉) စစ်ကြောင်းမှူး ကျော်မျိုးသူ ဦးဆောင်သော စစ် ကြောင်း ဖြစ်ကြောင်း၊ ထန်းတောရွာအနီးအနားတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မိုင်းဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူ စာရင်းစုံစမ်းဆဲဖြစ်ကြောင်း ကန့်ဘလူ UG ထံမှ သိရှိရသည်။