32 C
Yangon

ဘုတလင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

ဘုတလင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး အပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ၂၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ ရွာရှည်ကျေးရွာသို့ လက် နက် ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း၊ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါဝင်ပြည်သူ ၃ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

“ပစ်တာကတော့ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တပ်အတွင်းကနေ ပစ်ခတ်တာပါ။ အဲဒီလိုပစ်ခတ်လို့ ၆နှစ်အရွယ်ကလေးငယ် ၁ ဦးရဲ့ လက်ကို လက်နက်ကြီးကျည်စထိမှန်တယ်။‌ နောက်ထပ် အသက် ၄၀ နှစ်အရွယ် အမျိုး သမီး၁ ဦး၊အသက် ၃၀ အရွယ်အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နွား၂ကောင်လည်း သေဆုံးခဲ့ရပါတယ်။ အခုလို ကျမတို့ ရွာဘက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ စစ်တပ်ကို မကျေပ်နိုင်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခံသော ရွာရှည်ရွာသည် ဘုတလင်နယ် တောင်ဘက်ခြမ်း မုံရွာမြို့နယ်အစပ်မှာ တည်ရှိပြီး အနောက်မြောက်တိုင်းစစ် ဌာနချုပ်နှင့်နီးကပ်နေသည့် ကျေးရွာတစ်ရွာလည်းဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ ကလည်း စစ်ကောင်စီတပ်က ဘုတင်လင်မြို့နယ်၊ ရွာရှည်ကျေး ရွာသို့ ဝင်ရောက်ပြီး NLD ပါတီ စည်းရုံးရေးမှူး ဦးရှမ်းနှင့် အသက် ၁၄ နှစ်အရွယ် မောင်အောင်မျိုးသန့်တို့ကို ရက်ရက်စက်စက်သတ် ဖြတ် မှုများ လုပ် ဆောင် ခဲ့သည်။

ဓာတ်ပုံ- စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article