24 C
Yangon

ထိုင်းနိုင်ငံ၊ နွမ်ထရီဘူမြို့ရှိ ကြွေပြား စက်ရုံတွင် အလုပ် လုပ်ကိုင်ရန် ရွှေယုလွင် အေဂျင်စီနှင့် MoU စာချုပ်ချုပ်ခဲ့သော အလုပ်သမားများ အလုပ်မရဘဲ စာချုပ်ပါ စည်းကမ်းများကို အေဂျင်စီက ချိုးဖောက် ဖိနှိပ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ထိုင်းနိုင်ငံ၊ နွမ်ထရီဘူမြို့ရှိ ကြွေပြား စက်ရုံတွင် အလုပ် လုပ်ကိုင်ရန် ရွှေယုလွင် အေဂျင်စီနှင့် MoU စာချုပ်ချုပ်ခဲ့သော အလုပ်သမားများ အလုပ်မရဘဲ စာချုပ်ပါ စည်းကမ်းကို အေဂျင်စီက ချိုးဖောက် ဖိနှိပ်နေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးဆောက်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နွန်ထဘူရီမြို့ရှိ ကြွေပြားစက်ရုံတွင် အလုပ်လုပ်ကိုင်ရန် အလုပ်သမား ၉၈ ဦးသည် MoU ၂ နှစ်စာချုပ်နှင့် ရွှေယုလွင် ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သော်လည်း ထိုင်းနိုင်ငံ ရောက်ချိန်တွင် အလုပ်သမားများကို စက်ရုံမှ အလုပ်မပေးနိုင်ကြောင်း၊ အေဂျင်စီက တာဝန်မယူဘဲ အလုပ်သမားများကို အခြားစက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ စမတ်ကြေးများ ထပ်မံတောင်း၍ စာချုပ်ပါ စည်းကမ်းကို ချိုးဖောက်၍ ဖိနှိပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားများကို စာချုပ်ပါ စည်းကမ်းချိုးဖောက်၍ ဖိနှိပ်နေသည့် အေဂျင်စီသည် ရွှေယုလွင် ကုမ္ပဏီဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ ဦးအေးမင်း သည် အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်စပ်နေသူ ဖြစ်ပြီး စစ်သားဟောင်းတစ်ဦးဖြစ်ကြောင်း၊ အလုပ်သမားများကို စာချုပ်ကြေးအဖြစ် သိန်း ၄၀ မှ ၄၇ သိန်းကြား တောင်းခံခဲ့ပြီးသော်လည်း ထပ်မံ၍ အသက်အာမခံကြေး၊ Work permit ကြေး၊ အခွန်ခ ၊ လေယာဉ်ခ ၊ အခန်းခ ၊ သွေးစစ်ခ၊ ကောက်ခံခွင့်၊ ဧည့်စာရင်း ၊ ပလိပ်ကြေး၊ ကားခ ဟူ၍ မြန်မာငွေ ကျပ် ၁၁ သိန်း ၇ သောင်းနှင့် ထိုင်းဘတ် ၆၁၀၀ ကို တောင်းခံခွင့်မရှိဘဲ စာချုပ်ပါ စည်းမျဉ်းကို ချိုးဖောက်၍ တောင်းခံခဲ့ကြောင်း အလုပ်သမားများထံမှ သိရှိရသည်။

“သိန်း ၄၀ အပြင် ကောက်ထားတဲ့ဟာတွေက လုံးဝ ဘောင်မဝင်ဘူး။ အလုပ်သမားတွေကို ကောက်ခွင့်မရှိဘဲ ကောက်ထားတာ။ MoU စာချုပ်ပါ စည်းမျဉ်းစည်းကမ်းကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်တာ။ ထိုင်းဥပဒေပါ အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်။ မြန်မာသံရုံးဘက်ကတော့ အလုပ်သမားတွေ ပိုက်ဆံ ပြန်ရအောင် ပြေလည်အောင် ဖြေရှင်းပေးမှာ မဟုတ်ဘူး။ သံရုံးကလည်း သူတို့လူ။ ရွှေယုလွင် အေဂျင်စီပိုင်ရှင်က စစ်ကောင်စီရဲ့ လူ။ စစ်တပ်က လာတဲ့ လူ ။ သူတို့ကတော့ ပြေလည်အောင် ရှင်းပေးမှာ မဟုတ်ဘူး။ အဲဒီအတွက် ထိုင်းဥပဒေအတိုင်း အလုပ်သမားတွေကို ပြေလည်အောင် ရှင်းပေးဖို့အတွက် ဆောက်ရွက်ပေးနေတယ်” ဟု ထိုင်းရောက် မြန်မာအလုပ်သမားအရေးဆောက်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ရွှေယုလွင် အေဂျင်စီက ပို့လွှတ်သည့် အလုပ်သမား ၉၈ ဦးလုံးသည် ကြွေပြားစက်ရုံတွင် အလုပ်မရဘဲ ထိုင်းရောက်ချိန်တွင်မှ အခြားအလုပ်ရှာပေမည်ဟုဆိုကာ အလုပ်ရှာပေးခ ထပ်မံ တောင်းခံခြင်းဖြစ်ကာ အလုပ်ရှာပေးခ ထပ်ပေးသူ အလုပ်သမား ၄၀ ကျော် ရှိပြီး ကျန် အလုပ်သမား ၄၀ ကျော်မှာ အေဂျင်စီ၏ မတရားလုပ်မှုကို တောင့်ခံ၍ ဥပဒေအတိုင်းလုပ်ဆောင်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုလို တော်လှန်ရေးကာလမှာ ပြည်တွင်းထဲမှာ အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းဥပဒေတွေနဲ့ ပေါ်တာဆွဲ ဖိနှိပ်ပြီး စစ်သားစုဆောင်းမှုတွေလုပ်တော့ လူငယ်တွေက ကြောက်ပြီး ပြည်ပကို ရရာအလုပ်နဲ့ ထွက်တာမှာ အရင်က ၃ သိန်းကနေ ၇ သိန်းလောက်ပဲ ပေးရရာကနေ အခု သိန်း ၄၀ ကျော်အထိ ပေးပြီးတော့ ထွက်ရတယ်။ ထွက်တော့လည်း စစ်ကောင်စီ အေဂျင်စီတွေနဲ့ပဲ ထွက်ရတယ်။ အခု ထိုင်းထဲ ရောက်တော့လည်း အလုပ်မရဘူး။ အလုပ်သမားတွေ အလုပ်မရတာ ၁၀ ရက်ကျော်ပြီ နေဖို့ စားဖို့ စီစဉ်ပေးရမှာ ။ ထိုင်းဥပဒေအရ အလုပ်မရတဲ့ ရက်တွေမှာ ၇၅ ရာခိုင်နှုန်း ထိုင်းဥပဒေအရ ပေးရမှာ။ အဲဒါတွေ မပေးတဲ့အပြင် နောက်ထပ် အလုပ်သွင်းပေးမယ်ဆိုပြီး ပိုက်ဆံ ထပ်တောင်းနေတာ” ဟု ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောက်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article