32 C
Yangon

ပဲခူးတိုင်း၊ ကျောက်ကြီးတွင် စစ်တပ်က လက်နက် ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး အိမ်မွေးတိရိစ္ဆာန်တချို့ သေဆုံး

Must read

ရန်ကုန်၊ မေ ၂၁

ပဲခူးတိုင်း၊ ကျောက်ကြီးတွင် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး အိမ်မွေးတိရိစ္ဆာန်တချို့ သေဆုံး သွားကြောင်း KNU တပ်မဟာ ၃ ထံမှ သိရှိရသည်။

မေလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်မှစတင်ပြီး ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ နရွဲပင်ကျေးရွာတွင်းသို့ စစ်တပ်ခမရ ၃၅၁၊ ခမရ ၄၃၉၊ ခလရ ၆၀၊ ပျူစောထီးနှင့် ပြည်သူ့စစ်တို့က ညောင်ကုန်း ကျေးရွာတွင် တပ်စွဲပြီး နရွဲပင်ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်နှင့် လက်နက်ပေါင်းစုံဖြင့် ညအချိန်အထိ တစ်နေ့လုံးပစ်ခတ်ကြောင်း သိရှိရသည်။

ထိုသို့ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား နှစ်ဦး ကျည်ထိမှန်ပြီး နှင့် တိရိစ္ဆာန်များကို ထိမှန်သေဆုံးခဲ့ကြောင်း၊ ကျည်ထိမှန်ဒဏ်ရာရသူများမှာ အသက် ၁၆ နှစ်အရွယ် စောထွန်းသစ္စာဖြစ်ပြီး လည်ပင်းတွင် ကျည်ထိမှန်၍ စိုးရိမ်နေရကြောင်း အသက် ၃၈ နှစ်အရွယ် စောထွန်းထွန်းဆက်မှာလည်း ခြေထောက်တွင် ကျည်ထိမှန်ပြီး ဆိတ်နှစ်ကောင်နှင့် နွားတစ်ကောင် ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကို တောက်လျှောက်ဆိုသလိုလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article