30 C
Yangon

လက်နက်နှင့်အတူ CDM ဝင်လာသည့် တပ်မ ၆၆ မှ တပ်သား သက်စိုးပိုင်ကို ဆုကြေးငွေ သိန်း ၂၀ ချီးမြှင့်၊ ပွင့်ဖြူတွင် စစ်သား ၈ ဦး လက်နက်နှင့်အတူ ထွက်ပြေးသွား၍ စစ်တပ်က အပူတပြင်း အသည်းအသန်ရှာနေ

Must read

ရန်ကုန်၊ မေ ၂၁

ကရင်နီပြည်နယ်တွင် လက်နက်နှင့်အတူ CDM ဝင်လာသည့် တပ်မ ၆၆ မှ တပ်သား သက်စိုးပိုင်ကို ငွေကျပ် သိန်း ၂၀ ဆုချီးမြှင့်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က သတင်းထုတ်ပြန်သည်။

မေလ ၁၇ ရက်နေ့ တပ်မ ၆၆ မှ တပ်သား သက်စိုးပိုင်သည် KNDF ထံသို့ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက်တစ်ဘောက်၊ ကျည်ဆံ ၇၁တောင့်ဖြင့် CDM ပါဝင်လာခြင်းဖြစ်ပြီး တပ်သား သက်ပိုင်စိုး ကို ကရင်နီပြည် သူ့ရင်ခွင်ခိုလုံရေး အစီစဥ်မှ တာဝန်ခံတစ်ဦး ဆုငွေ သိန်း ၂၀ အားချီးမြှင့်လိုက်ခြင်းကြောင်း၊ ကျန်ရှိသော ကရင်နီပြည် အတွင်း ထိုးစစ် ဆင်လာသော တပ် သား အရာရှိ အရာခံ များ CDM ပြုလုပ်ပေးပါရန် လေးစားစွာ ဖြင့် ဖိတ်ခေါ်ကြောင်း ကရင်ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ရေပုတ်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး မေလ ၁၉ ရက်နေ့တွင် လက်နက်များနှင့်အတူ ထွက်ပြေးသွား၍ စစ်တပ်က အသည်းအသန် လိုက်လံရှာဖွေနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article