29 C
Yangon

ဝမ်းတွင်းမြို့နယ် ကျင်းရွာကျေးရွာကို စစ်တပ်က ယခုညပိုင်း မီးတင်ရှို့နေ၊ တိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ်များကို မီးရှို့ဟုဆို

Must read

ရန်ကုန်၊ မေ ၂၁

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ကျင်းရွာကျေးရွာကို စစ်တပ်က ယနေ့ မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် မီးတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဝမ်းတွင်းမြို့နယ် ကျင်းရွာကျေးရွာအတွင်းသို့ ယနေ့ည၇နာရီခွဲအချိန်ခန့် စစ်ကောင်စီအင်အား ၅၀ ကျော်ဖြင့် ဝင်ရောက်လာပြီး အိမ်များကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ပြည်သူများက ၎င်းတို့၏ ကျေးရွာ မီးတင်ရှို့ခံနေရသည်ကို မြင်နေရကြောင်း ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article