28 C
Yangon

မြိုင်မြို့နယ်တွင် စစ်တပ်က ဆင်စိန်ရွာသား ၁ ဦးကို ပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီး၊ တဲကြီးရွာ၊ ဘောင့်ဘင်ရွာနှင့် ခွေးမွှေးရွာရှိ ပြည်သူပိုင်ပစ္စည်းများကို လုယက်ကာ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်

Must read

ရန်ကုန်၊ မေ ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆင်စိန်ရွာတွင် အကြမ်းဖက် စစ်တပ်က မေလ ၂၁ ရက်နေ့တွင် ရောက်ရှိလာပြီး ကျေးရွာနေ အသက် ၂ဝ အရွယ် လူငယ် ၁ ဦးကို ပစ်သတ်ကာ ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် မြိုင်မြို့နယ်အနောက်ပိုင်းရှိ တဲကြီးရွာကို အင်အား ၁ဝဝ ခန့်ဖြင့် ရောက်ရှိလာကာ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ပြီး ကျေးရွာအတွင်းရှိ စျေးဆိုင် တံခါးများကို ရိုက်ချိုးကာ အဖိုးတန် ပစ္စည်းများ လုယက်ယူဆောင်သွားကြောင်း သိရသည်။

တဲကြီးအတွင်းရှိ ပရဟိတ ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ ဖောကာ တစ်စီးကို စစ်တပ်က ၎င်းတို့ လုယက် ခိုးယူလာသော ပြည်သူပိုင် ပစ္စည်းများကို တင်ကာ ယူဆောင်သွားကြောင်း၊ ကျေးရွာမြောက်ဘက်ရှိ ပြည်သူနေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ထို့ပြင် မြိုင်မြို့နယ် အနောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ဘောင့်ဘင်ရွာနှင့် ခွေးမွှေးရွာအနီးရှိ ပြည်သူပိုင် ကြက်ခြံများနှင့် တောတိုက်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article