24 C
Yangon

အရာတော်မြို့နယ်၊ စစ်တပ်ထောက်ခံသော မိသားစုများမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးကို စစ်တပ်စစ် ကြောင်းက သတ်ဖြတ်ပြီး PDF အလောင်းများဟု ဝါဒဖြန့်

Must read

အရာတော်မြို့နယ်၊ စစ်တပ်ထောက်ခံသော မိသားစုများမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးကို စစ်တပ်စစ် ကြောင်းက သတ်ဖြတ်ပြီး PDF အလောင်းများဟု ဝါဒဖြန့်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာတွင် စခန်းချနေသော စစ်တပ်စစ်ကြောင်းက ၎င်းတို့ ထောက်ခံသည့် မိသားစုမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးအပါအဝင် ရွာ သား ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး PDF အလောင်း ၃ လောင်းရရှိသည်ဟု ဝါဒဖြန့်နေကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန် အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာ အနီးရှိတောတိုက်ထဲတွင် နေထိုင်သူ သစ်ကျင်းကြီးရွာသား၊ စစ်တပ်ထောက်ခံသူ အသက် ၁၄ နှစ် အရွယ် မောင်ဝတုတ်၊ အသက် ၁၆ နှစ်အရွယ် စန်းသူချစ်နှင့် အသက် ၄၀ အရွယ် ဦးဖိုးဇော် တို့မှာ သစ်ကျင်းကြီးကျေးရွာအတွင်း ရေချိုးပြန်စဉ် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များက ပစ်ခတ်သတ်ဖြတ်ခဲ့ရာမှ သေဆုံးသွားကြောင်း သိရသည်။

“ သေတဲ့သူ ၃ ဦးက သူတို့ကို ထောက်ခံတဲ့ သူတွေ၊ သူတို့ ၃ ယောက်က သစ်ကျင်း ကြီးရွာအပြင်ဘက်က တောထဲမှာနေတာပေါ့၊ ရွာနားလေးပဲ။ အဲဒီ ၃ ယောက်က ရွာထဲကို ရေပြန်ချိုး တဲ့အချိန် PDF တွေလာပြီဆိုပြီး သတင်းမှားပေးထားတာရှိတော့ ပျူကင်းပုန်းကနေ PDF တွေဆိုပြီး မှားပစ်လိုက်တာ၊ အဲဒီမှာသေသွားတာ၊ အဓိကတော့ သူတို့အချင်းချင်း သတင်းမှားပေးတဲ့ ပုံစံမျိုးနဲ့ ပစ်ခံလိုက်ရတာပေါ့၊ ဒါကို ကျနော်တို့ PDF တွေပါဆိုပြီးတော့ တင်ထားတာ။ သူတို့အချင်း ချင်း အမှားလုပ်တာကို ဖုံးတာပေါ့။” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

သို့ရာတွင် စစ်ကောင်စီက သေဆုံးသူများမှာ PDF များဖြစ်သည်ဟု စစ်လော်ဘီ တယ်လီဂရမ်များတွင်ဝါဒဖြန့်ကြောင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာ၊ ပြည်သူ့ စစ်စခန်းကို အကြမ်းဖက် PDF များက လက်လုပ်စိန်ပြောင်းဖြင့် လာရောက်ပစ်ခတ်မည်ဖြစ်မည်ဟု တိကျစွာ သတင်းရရှိခဲ့၍ ကင်းပုန်းဝပ် စောင့်ဆိုင်းပစ်ခတ်ခဲ့ရာမှ PDF အလောင်း ၃ လောင်း၊ လက်လုပ် ပစ္စတို ၁ လက်၊ အိုင်ကွန် ၁လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းအမှားများ ဝါဒဖြန့်ထားသည်။

“ဘာတိုက်ပွဲမှလည်းမရှိဘူး။ ဘယ်သူမှလည်းသွားမတိုက်ကြဘူး။ သူတို့ကို ထောက်ခံနေတဲ့ ပြည်သူ တွေပဲ၊ ဖြစ်တာက နေ့လည် ၁ နာရီခွဲလောက်ဖြစ်သွားတာ၊ အခုလိုမျိုး စကစက သူတို့ကို ထောက်ခံ တဲ့ ပြည်သူတွေကိုလည်း သတ်ဖြတ်နေတာ၊ သူတို့ကို ထောက်ခံနေတဲ့ ပြည်သူတွေ၊ ပျူစောထီးတွေ ရဲ့ မိသားစုကိုယ်တိုင်တောင် လုံခြုံမှုမရှိဘူးဖြစ်နေတယ်၊ ဒါကြောင့် ဘုံရန်သူကို မြင်ပြီး ပြည်သူလူထု နဲ့ ပူးပေါင်းစေချင်တယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

လတ်တလော အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား စစ်ရေး တင်းမာလျက်ရှိပြီး စစ်တပ်က အရာတော်မြို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် လုံခြုံရေး တင်းကျပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article