30 C
Yangon

စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့် စစ်ကောင်စီက စတင်ပိတ်ပင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းရမည့် စာရင်းတွင်ပါဝင်သော အသက် ၁၈ နှစ်မှ အ သက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံး PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့်ကို စစ်ကောင်စီက စတင်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် အမျိုးသားများအားလုံးအနေဖြင့် ပြည်ပသို့ PJ နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက် အလုပ်လုပ်မည်ဆိုပါက ပထမဦးစွာ မိမိသည် စစ်မှုထမ်းရန် စာရင်းတွင် ပါ၊ မပါ စိစစ်ရန်လိုအပ်ပြီး စစ်မှုထမ်းရမည့်စာရင်းတွင်ပါနေမည်ဆိုပါက သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံမှ စစ်မှုထမ်းကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် လျှော့ပေါ့ခွင့် ခွင့် ပြုချက်ရယူရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ အလုပ်သမားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံး၊ ပင်လုံခန်းမတွင် ပြည်ပသို့သွား ရောက် အလုပ်လုပ်ကြမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အကြားရှိ အမျိုး သားများအားလုံးကို ပြည်ပအလုပ်သမားမှတ်ပုံတင်ကတ် (OWIC) ထုတ်မပေးတော့ဘဲ ပြန်လည် စေလွှတ်ခဲ့ကြောင်း၊ လက်ရှိ OWIC ကတ်ရှိပြီးသူဖြစ်သည့်တိုင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကိုအလုပ်သမားရုံးက ပြည်ပအလုပ်အတွက် စာချုပ်ချုပ်ခွင့်မပေးတော့ကြောင်း၊ ယင်းအခြေ အနေ များကြောင့် ပြည်ပသို့သွားရောက် အလုပ်လုပ်ကြမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားအား လုံး လေဆိပ်မှ ထွက် ခွာရန် အခက်အခဲများကြုံတွေ့နေရကြောင်း သိရှိရသည်။

” မနေ့ နေ့လယ်ကတော့ OWIC ကတ်ရိုက်ရမယ့် ယောင်္ကျားလေး အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အကြား ကတ်မရိုက်ပေးလိုက်ဘူး။ အကုန်ပြန်လွှတ်တယ်။ OWIC ကတ်ရထားပြီးသားတွေလည်း စာချုပ်ပေးမချုပ်ဘူး။ ဆိုတော့ စစ်မှုထမ်းစာရင်းပါရင်တော့ လေဆိပ်မှာ OWIC ကတ်နဲ့ PJ စာအုပ်ကိုင်ထားရင် လည်း ထွက်လို့မရတော့ဘူး။ စစ်မှုထမ်းစာရင်း ပါထားရင် စစ်မှုထမ်းဆင့် ခေါ်ရေး အဖွဲ့ရဲ့ ထောက်ခံချက်( စစ်မှုထမ်းကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်၊ လျှော့ပေါ့ခွင့်) ပါမှ ထွက်လို့ရတော့မယ်။ မပါရင်တော့ ထွက်လို့ရမှာမဟုတ်ဘူး။ ကျနော်တို့ကတော့ စာချုပ်ချုပ်တာနဲ့ OWIC ကတ်အောင် လုပ်ပေးလည်း လေဆိပ်မှာ ထွက်လို့မရတာကတော့ အေဂျင်စီတာဝန်မဟုတ်တော့ဘူး။ ကာယကံရှင်က စစ်မှုထမ်းစာရင်းပါနေရင်တော့ ထွက်ခွင့်ရမှာမဟုတ်ဘူး” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ၏ ပုဒ်မ ၅၀ နှင့် ၅၁ တွင် ဆေးစစ်အောင်မြင်ပြီးသူများ၊ စစ်မှုထမ်း အမိန့်ရရှိပြီးသူများသည် စစ်မှု ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့်မရှိကြောင်း သိရှိရသည်။

အမျိုးသမီး အလုပ်သမားများအတွက်မူ OWIC ကတ် ရိုက်ခွင့်ပေးနေဆဲဖြစ်ပြီး ပြည်ပထွက်ခွာခွင့်လည်း ဆက်လက်ရရှိနေ ဆဲဖြစ်ကြောင်း၊ သို့ရာတွင် ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်လိုက်ပြီဖြစ်၍ စစ်မှုထမ်းရန် အကျုံးဝင်နေသော အမျိုး သမီး၊ အမျိုးသားများနှင့်ပတ်သက်၍ ပြည်ပထွက်ခွာခွင့်ဆိုင်ရာ ညွှန်ကြားချက်များ မကြာမီ ထွက်ရှိနိုင်ဖွယ်ရှိကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆိုကြသည်။

“အလုပ်သမားဦးစီးဌာနဘက်ကတော့ တရားဝင် ဘာမှ မပြောသေးဘူး။ ဒါပေမယ့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရတော့ အသက်အရွယ်အရ အကျုံးဝင်တဲ့ အလုပ်သမားတွေအတွက် လိုအပ်တဲ့ ညွှန်ကြားချက်တွေ မကြာခင်ထွက်လာဖို့ရှိတယ်လို့တော့ပြောတယ်” ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင် စီ မန်နေဂျာတစ်ဦးက ဆိုသည်။

ယမန်နှစ် ဩဂုတ်လမှစတင်၍ စစ်ကောင်စီက အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အကြား အမျိုးသားများကို ပြည်ပအလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် ယခုနောက်ဆုံးတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော အမျိုး သား အလုပ် သမားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စတင်ပိတ်ပင်လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်ရှိ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကမူ ပြည်ပသို့ သွားရောက်ခွင့် အပါအဝင် စစ်မှုထမ်း လျှော့ပေါ့ခွင့်၊ ကင်း လွတ်ခွင့်နှင့် ရွှေ့ဆိုင်းခွင့် ခွင့်ပြုချက်များကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ နေပြည် တော်တွင် ပြု လုပ်သော ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့၏ ၁/၂၀၂၅ အစည်းအဝေးတွင် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောဆိုခဲ့သည်။

ဓာတ်ပုံ – ရန်ကုန်လေဆိပ်မှ ပြည်ပသို့ ထွက်ခွာနေကြသည့် လူငယ်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်လေဆိပ်မှ ပြည်ပသို့ ထွက်ခွာနေကြသည့် လူငယ်တချို့။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article