31 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းရမယ့် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းရှိတဲ့ အမျိုးသားတွေအားလုံးကို ပြည်ပထွက်ခွာခွင့် စတင်ပိတ်ပင်လိုက်ပြီလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်ကို အတည်ပြုပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက နေပြည်တော် ကောင်စီနယ်မြေ အတွင်းမှာရှိတဲ့ သူတို့လက်အောက်ခံ Non-CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကိုပါ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ပေးပို့နေပြီး ထွက်မပြေးကြဖို့ ကိုပါ တာဝန်ယူ လက်မှတ်ထိုးခိုင်းနေပြီလို့ နေပြည်တော် ဝန်ထမ်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက သူတို့ရဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်ကို နေပြည်တော်ဘက် ပြောင်းရွှေ့ဖို့ အတွက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က စစ်ရေးပြကွင်း နဲ့ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် အနီးတစ်ဝိုက် ကျေးရွာတွေကို လုံခြုံရေးအရဆိုပြီး အကုန်လုံးဖျက်ခိုင်း နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article