25 C
Yangon

နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် အမေရိကန် ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့တွင် မြန်မာများ ဆန္ဒပြ

Must read

နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် အမေရိကန် ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့တွင် မြန်မာများ ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာသံရုံးနှင့် တရုတ်သံအမတ်ကြီးနေအိမ်ရှေ့တွင် ပြည်ပရောက် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မြန်မာများက ဖေဖော်ဝါရီလ ၁ ရက်နေ့(ဒေသစံတော်ချိန်) မွန်းလွဲ ၂ နာရီတွင် နွေဦးတော်လှန်ရေး ၄နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြသည်။

မြန်မာစစ်တပ်မှာ အာဏာသိမ်းခဲ့သော်လည်း နိုင်ငံအနှံ့တွင် စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက တိုက်ခိုက်နေသည့်အတွက် စစ်တပ်မှာ ရှုံးနှိမ့်မှုများစွာကို ကြုံတွေ့နေရကြောင်း၊ BBC ၏ အချက်အလက်အရ စစ်တပ်က နိုင်ငံတစ်ဝန်းတွင် ၂၁ ရာခိုင်နှုန်းသာ ထိန်းချုပ်ထားနိုင်တော့ကြောင်း၊ မြန်မာနိုင်ငံသားများသည် ပိုမိုကောင်းမွန်သော အခွင့်အရေးကို ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ ပြည်သူ့အခွင့်အရေး အပြည့်အ၀ ပြန်လည်ရရှိ ရှင်သန်ပါစေကြောင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံသူတစ်ဦးဖြစ်သူ ဆန္ဒပြပွဲတွင် ပါဝင်ဆန္ဒပြခဲ့သည့် Erika က ပြောကြားသည်။

“၄ နှစ်အတွင်းမှာ ကျွန်တော်တို့ ငြိမ်မနေဘူး။ အရွေ့တစ်ခုကို သွားနေကြတယ်။ စစ်ကောင်စီက အရှုံးကြီး ရှုံးနေပြီ။ စစ်ကောင်စီ ရှုံးသွားတဲ့တစ်နေ့မှာ ခင်ဗျား(Non CDM)တို့ ပြန်စရာနယ်မြေမရှိဖြစ်လိမ့်မယ်။ ခင်ဗျားတို့ နောက်မကျခင် လှည့်လာလို့ရတယ်”ဟု တေးရေး တေးဆို လင်းထက်က ဆန္ဒပြပွဲတွင် ပြောသည်။

ဆန္ဒပြပွဲတွင် အတုအယောင် ရွေးကောက်ပွဲ၊ တရုတ်နှင့် ကျန်းဖြန့်ကိစ္စ၊ လက်ရှိနိုင်ငံရေးမှာ ဆွေးနွေးစရာမရှိ၊ ပြုတ်ချရေးလမ်းကြောင်းတစ်ခုရှိသာရှိသည့်ကိစ္စ၊ ၄ နှစ်ပြည့်ခဲ့သည့်တိုင် ဘယ်ပြည်သူကမှ လက်မခံသည့် စစ်ကောင်စီ၏ ကျရှုံးခန်းတို့နှင့်ပတ်သက်ကာ တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲလာရောက်ကြသူများက ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article