33 C
Yangon

အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ တွေ့ဆုံဆွေးနွေးကြရာတွင် မြန်မာနိုင်ငံ၏ အခြေအနေနှင့် မြန်မာ့အရေးကိုပါ ထည့်သွင်း ဆွေးနွေးကြောင်း မလေးရှားဝန်ကြီးချုပ်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ အာဆီယံ ဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ၎င်း၏အလွတ်သဘော အကြံပေးအဖွဲ့ ဥက္ကဌ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့အရေးကိစ္စ၊ Cryptocurrency ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အရေးကြီးသောကိစ္စရပ်များအကြောင်း တွေ့ဆုံဆွေးနွေးကြကြောင်း သိရှိရသည်။

သို့ရာတွင် မြန်မာ့အရး တွေ့ဆုံဆွေးနွေးမှုအကြောင်း အသေးစိတ် သတင်းထုတ်ပြန်ခြင်းမပြုသော်လည်း အာဆီယံဥက္ကဋ္ဌ မလေးရှားက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးက ပိုမို အရေးကြီးကြောင်း ဇန်နဝါရီ လအတွင်းကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအပြီးတွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနောက် ယမန်နေ့ ညနေပိုင်းတွင် မလေးရှားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်ဟောင်းတို့က စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း George Yeo နှင့်ပါ ထပ်မံတွေ့ဆုံဆွေးကြကြောင်း သိရှိရသည်။

မလေးရှားဝန်ကြီးချုပ်က ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ သစ်အဖြစ် ဆောင်ရွက်နေပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အလွတ်သဘော အကြံပေးအဖြစ် ယမန်နှစ် ဒီဇင်ဘာလတွင် ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article