ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထိုင်းနိုင်ငံအစိုးရက ကျားဖြန့်လုပ်ငန်းတွေအခြေစိုက်ရာ မြန်မာနိုင်ငံက မြတတီမြို့နယ်အပါအဝင် တာချီလိတ်၊ ဘုရားသုံးဆူဘက်တွေကို ပေးထားတဲ့ ထိုင်းလျှပ်စစ်မီးတွေကို ဒီကနေ့မှာပဲ စတင်ဖြတ်တောက်လိုက်ပြီဖြစ်တဲ့အတွက် လောင်စာနဲ့မီးစက်တွေ ဝရုန်းသုန်းကားအပြေးအလွှားဝယ်ယူနေကြတယ်လို့ ဒေဿခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီ အတွက် ဝင်ငွေရလမ်းတွေကို ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေက ထောက်ပံ့ပေးနေပြီး မြန်မာလူထု နဲ့ ဒေသတွင်း နိုင်ငံတွေကိုပါ အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ NUG အစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောဆိုလိုက်ပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုုမြို့နယ် တောင်ခမ်းက တိုက်ပွဲမှာ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေထဲ ၁၂ နှစ်ကြာ ကွဲကွာခဲ့တဲ့ ညီအစ်ကို ၂ ဦး ပြန်လည်ဆုံတွေ့တဲ့အချိန် ညီက တော်လှန်ရေးရဲဘော်ဖြစ်နေပြီး အကိုက စစ်ကောင်စီတပ်သားဖြစ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar