ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီတပ်က ရန်ကုန်တိုင်းမှာ တစ်ရပ်ကွက်ကို လူငယ် ၃ ဦးနှုန်းနဲ့ မြို့နယ်တစ်ခုကို လစဉ်လတိုင်း စစ်မှုထမ်းတပ်သားသစ် အနည်းဆုံး အယောက် ၇၀ မဖြစ်မနေ စုဆောင်းထားဖို့ ညွှန်ကြား လာပြီဖြစ်တဲ့အတွက် အခြေနေတွေ ပိုဆိုးလာပြီလို့ ကမာရွတ်မြို့နယ်စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့နဲ့ တိုက်ရိုက်ပတ်သက်နေရတဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရှမ်းပြည်နယ်က ရွှေညောင်မြို့နယ်မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၀ တက်ရောက်ဖို့ ဆင့်ခေါ်ခံရတဲ့ လူငယ် ၁ ဦးဟာ သူ့ကိုသူ ကြိုးဆွဲချပြီး အဆုံးစီရင်သွားတယ်လို့ သေဆုံးသူနဲ့နီးစပ်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာမှာ အင်အားဖြည့်တင်းဖို့ဆိုပြီး ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လမ်းတစ်လျှောက် ၄ ကြိမ်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း ၂၃ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/7199457572850818071.jpg)