ရန်ကုန်၊ ဖေဖော်ဝါရီ ၇
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီပေးရေး အဖွဲ့အစည်း(International IDEA)၊ လွတ်လပ်သောရွေး ကောက် ပွဲများဆိုင်ရာ အာရှကွန်ယက်(ANFREL)နှင့် ကလပ်ဒီမက်ဒရစ်အသင်း(Club de Madrid)တို့က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီက ၄ နှစ်တာအတွင်း အကြမ်းဖက်မှုများ၊ အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်းနှင့် နိုင်ငံရေးလွတ်လပ်ခွင့်များကို ဖိနှိပ်ခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ လက်ရှိတွင် စစ်တပ်က စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေကြောင်း၊ အတိုက်အခံနိုင်ငံရေးပါတီများကို တားမြစ်ပိတ်ပင်ထားသော ပြင်းထန်လွန်းသော ဥပဒေများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ မီဒီယာအပေါ် ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်ခြင်း ဆောင်ရွက်နေကြာင်း၊ စစ်ကောင်စီ၏ မဲဆန္ဒရှင်စာရင်းနှင့် သန်းခေါင်စာရင်းအတွက် ကောက်ယူနေသည့်အဖွဲ့အစည်းများမှာ ယုံကြည်စရာလက်ခံနိုင်စရာ မရှိကြောင်း၊ လက်ရှိအခြေအနေအောက်တွင် မြန်မာနိုင်ငံတွင် စစ်မှန်သော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း အဆိုပါအဖွဲ့များက ဆိုကြသည်။
အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီ ရွေးကောက်ပွဲများဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမည်မဟုတ်ကြောင်း၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိကြောင်း ၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် တရားမဝင်သော အစိုးရတစ်ရပ်ကို တရားဝင်ဖြစ်စေရန်ကြိုးပမ်းမှုထက် မပိုကြောင်း ထောက်ပြထားသည်။
စစ်မှန်သော ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံ ပြည်သူများ၏ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ပေးသည့် ပွင့်လင်းသော ပြိုင်ဆိုင်မှု ပတ်ဝန်းကျင် လိုအပ်ကြောင်း၊ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရနှင့် ဥပဒေပြုလွှတ်တော်ကို ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်း၍ ဖယ်ရှားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် စစ်ကောင်စီ၏ တရားမ၀င် ရွေးကောက်ပွဲအတွက် နည်းပညာ၊ ပစ္စည်း သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ပံ့ပိုးမှုများကို မပေးကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို အဆိုပါအဖွဲ့ ၃ ခုက တိုက်တွန်းသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်များကို ကာကွယ်ရန်၊ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်ပေါ် ပြန်လည် ရောက်ရှိရေး အကူအညီပေးကြရန် တောင်းဆိုသည်။
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး သို့မဟုတ် တည်ငြိမ်ရေးကို မယူဆောင်နိုင်ဘဲ သဘောထားကွဲလွဲမှု၊ အကြမ်းဖက်မှုများကို နက်နက်ရှိုင်းရှိုင်း နက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ အာဏာရှင် အုပ်ချုပ်မှုစနစ်နှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ ၃ ခုက သတိပေးသည်။
ဓာတ်ပုံ – Myanmar Electronic Voting Machine (MEVM) စက်ကို စစ်ဆေးနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar